Sunday 27 November 2011

အရှင်အဘယာလင်္ကာရ

အမေရိကန်နိုင်ငံ – မက်ဆာချူးဆက်ပြည်နယ်၊ ဘော်စတွန်မြို့
မပာာသတိပဋ္ဌာန်ရိပ်သာကျောင်းသစ်
နာယကဆရာတော် အရှင်အဘယာလင်္ကာရ၏
ဘ၀ဖြစ်စဉ် ပုံရိပ်သွင်


အရှင်အဘယာလင်္ကာရ

မိဘနှင့် မွေးဖွားရာဌာန

ဆရာတော်သည် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ရွှေတော်မြို့နယ်၊ မန်ကျဉ်းပေါင်ကုန်းရွာ၊ ဦးမောင်ရွှေ၊ ဒေါ်သိန်းပာန်တို့မှ ၁၃၀၇ ခုနှစ်၊ ၀ါခေါင်လဆန်း ၁၁ ရက် (သြဂုတ်လ ၁၉ ရက်၊ ၁၉၄၅) တနင်္ဂနွေနေ့ နံနက် ၄း၃၀ နာရီတွင် ဖွားမြင်၏။

ရှင်ပြု မင်္ဂလာ

၁၃၁၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရင် (မတ်လ ၂ ရက်၊ ၁၉၅၅) ကြာသပတေးနေ့တွင် မန်းကျဉ်းပေါက် ကုန်းရွာမှ မွေးစား မိဘဖြစ်သူ ဦးဖိုးမြစ်၊ ဒေါ်စောတင်တို့၏ ပစ္စည်းလေးပါးချီးမြှောက်မှုဖြင့် ၄င်းရွာ၊ သိပ္ပံကျောင်း၊ ဆရာတော်ဦးကုမာရကို ဥပဇ္ဈာယ်ပြု၍ ပထမအကြိမ်၊ ၁၃၁၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် (မတ်လ ၅ ရက်၊ ၁၉၅၆) သောကြာနေ့တွင် မိဘများ၏ ပစ္စည်းလေးပါးချီးမြှောက်မှုဖြင့် သိပ္ပံဆရာတော်ကိုပင် ဥပဇ္ဈာယ်ပြု၍ ဒုတိယအကြိမ် ရှင်ပြုရာ (ကိုရင်ဝတ်ရာ) ဘွဲ့အမည်မှာ “ရှင်အဂဉာဏ” ဖြစ်၏။ (ဒုတိယအကြီမ်မှစ၍ ယနေ့တိုင်ပင်ဖြစ်၏။)

ရပာန်းခံ မင်္ဂလာ

၁၃၂၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် (အောက်တိုဘာလ ၁၀ ရက်၊ ၁၉၆၅) တနင်္ဂနွေနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ပဇ္ဇောတာရုံ ပါဠိတက္ကသိုလ်တိုက်၊ မနောမယပတ္တမြား ခဏ္ဍသိမ်၌ ဆရာတော်ဦးဉာနိကကို ဥပဇ္ဈာယ်ပြု၍ မြောင်းမြမြို့၊ ရှမ်းကုန်းပိုင်း၊ ဦးဘချိုလမ်း၊ အမှတ် ၅၂၊ အိမ်မဲရွှေဆိုင် ပိုင်ရှင် ဦးကရူပီးယား၊ ဒေါ်ဒေါ်သိန်း မိသားစုတို့၏ ပစ္စည်းလေးပါး ထောက်ပံ့မှုဖြင့် ရပာန်းအဖြစ် သို့ ရောက်ခဲ့၏။

ကျေးဇူးရှင် ဆရာတော်များ

၁။ ဆရာတော် ဦးကုမာရ (မူလငယ်ဆရာရင်း)၊ သိပ္ပံကျောင်း၊ မန်ကျဉ်းပေါကုန်းရွာ၊ ရွှေတောင်မြို့
၂။ ဗာရာဏသီဆရာတော် ဦးအာနန္ဒပဏ္ဍိတာဘိဝံသ (အဂ္ဂမပာာပဏ္ဍိတ၊ အဘိဓဇမပာာရဠဂုရု၊ ရွှေကျင် နိကာယဥပဥက္ကဋ္ဌ) နှင့် စာချဆရာတော်များ၊ ၀ိသုဒ္ဓါရုံ ဗာရာဏသီတိုက်၊ ပြည်မြို့၊ ပဲခူးတိုင်းဒေသကြီး၊
၃။ ဆရာတော်ဦးမပောာသဓပဏ္ဍိတာဘိဝံသ (အဂ္ဂမပာာပဏ္ဍိတ) နှင့် စာချဆရာတော်များ၊ မေမြို့ (ပြင်ဦးလွင်မြို့)၊ ၀ိသုဒ္ဓါရုံ ရွှေကျင်တိုက်၊ မန္တလေးတိုင်းဒေသကြီး၊ (၄င်းဆရာတော်က အခြားဘွဲ့တူရှိ၍ “ရှင်အဂ္ဂဉာဏ” ဘွဲ့ကို “ရှင်အဘယာ လင်္ကာရ” ပာု ပြောင်းပေး၏။)
၎။ ဆရာတော် ဦးဉာနိက (အဂ္ဂမပာာပဏ္ဍိတ) နှင့် စာချဆရာတော်များ၊ ဧရာဝတီတိုင်းဒေ သကြီး၊ မြောင်းမြမြို့၊ ပဇ္ဇောတာရုံ ပါဠိတက္ကသိုလ်တိုက်၊
၅။ ဆရာတော် အရှင်ဇနကာဘိဝံသ (အဂ္ဂမပာာပဏ္ဍိတ၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ)နှင့် စာချဆရာတော် များ၊ အမရပူရမြို့၊ မပာာဂန္ဓာရုံတိုက်၊ မန္တလေးတိုင်းဒေသကြီး။

အောင်မြင်ခဲ့သော စာမေးပွဲများ

၁။ ပထမပြန်စာမေးပွဲ။ အစိုးရ ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းများ
၂။ ဓမ္မာစရိယ စာချတန်း စာမေးပွဲ။ သာသနဓဇ ဓမ္မာစရိယ၊ သာသနဓဇ ၀ိနယ ပါဠိပါရဂူ၊ သာသနဓဇ သိရီပ၀ရ ဓမ္မာစရိယ(ဒီဃနိကာယ်)နှင့် ၀ိသုဒ္ဓါရုံ ပရိယတ္တိ ၀ံသာလင်္ကာရ သံယုတ္တ နိကာယပါဠိ ပါရဂူ။

ရေးသားပြုစုခဲ့သော စာအုပ်စာပေများ

၁။ “ရာပြည့် ရွှေလ၀န်း” ဘုရားသမိုင်း – ၁၃၃၈ (၁၉၇၇) ခုနှစ်
၂။ “ကျွန်းကုန်းထေရ ဂုဏ်ရည်” – ၁၃၄၂ (၁၉၈၀) ခုနှစ်
၃။ “ဓမ္မာစရိယ ပါဠိပါရူ လမ်းညွှန်” ကျမ်း – ၁၉၈၈ ခုနှစ်
၎။ “ဤခရီး နီးလာပြီ” -၂၀၀၇ ခုနှစ်
၅။ ၁၃၄၅ (၁၉၈၄) ခုနှစ်တွင် နိုင်ငံတော် သံဃ မပာာနာယကအဖွဲ့က ဖွင့်လှစ်သော နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် ဆရာအဖြစ် မွမ်းမံသင်တန်း (ပထမပတ်)၌ ၆ လကြာ တက်ရောက် သင်ကြားပြီး နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်သမိုင်းကို “မပာာရဠ ပရိယတ္တိသာသန သီလာယ သမုပတ္တိ” ပာု ခေါင်းစဉ်တပ်ကာ ပါဠိဘာသာဖြင့် စာတမ်းပြုစု တင်သွင်းခဲ့၏။

ပြည်တွင်း သာသနာရေး ဆောင်ရွက်ချက်များ

၁။ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ပဇ္ဇောတာရုံ ပါဠိတက္ကသိုလ်တိုက်၌ ၆ နှစ်ကြာ စာချ နာယက အဖြစ် တာဝန်ယူခဲ့၏။
၂။ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ၀ိသုဒ္ဓါရုံ ဗာရာဏသီတိုက်၌ ၃ နှစ်ကြာ စာချနာယက အဖြစ် တာဝန်ယူခဲ့၏။
၃။ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ မပာာဂန္ဓာရုံတိုက်၌ ၁ နှစ်ကြာ စာချနာယက အဖြစ် တာဝန်ယူခဲ့၏။
၎။ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့၌ ၁၃၄၂ (၁၉၈၁) ခုနှစ်တွင် “အောင်သိပ္ပံစာသင်တိုက်” နာမည်ဖြင့် စာသင်တိုက် တည်ထောင်၍ ၁၀ နှစ်ကြာ တိုက်အုပ် စာချအဖြစ် တာဝန်ယူခဲ့၏။ (ဆရာတော်ဦးသုန္ဒရ ပျံလွန်တော် သဖြင့် ၂၀၀၁ ခုနှစ်မှစ၍ ပဓာန နာယကဆရာတော်အဖြစ် တာဝန်ယူခဲ့၏။)
၅။ ပထမ အကြိမ်၊ ဒုတိယ အကြိမ် ဂိုဏ်းပေါင်းစုံ သံဃာအဖွဲ့အစည်း၌ သံဃသမ္မုတိ (သံဃာ့ကိုယ် စားလှယ်နှင့် မြို့နယ်သံဃနာယကအဖွဲ့၊ အကျိုးဆောင်တာဝန်များ ယူခဲ့၏။)
၆။ ၁၃၆၁ (၁၉၉၉) ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့ ၌ အောင်သိပ္ပံစာသင်တိုက်နှင့် တွဲဖက်၍ “အောင်သိပ္ပံ လူငယ်ဖွံ့ဖြိုးရေး ပရပိာတကျောင်း” ကိုလည်းကောင်း၊ ၁၃၆၃ (၂၀၁၁) ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗပာန်းမြို့နယ်၊ ဘင်္ဂလား နောက်တိုက်၌ အိမ်မဲ-မရပိာတကျောင်းခွဲဖြစ်သော “အောင်သိပ္ပံ ဓမ္မရက္ခိတ ပရပိာတကျောင်း” ကို လည်းကောင်း ဖွင့်လှစ်ပြီး ရပာန်း ကိုရင် ကျောင်းသား တစ်ရာကျော်တို့၏ စားဝတ်နေရေးနှင့် ပညာရေးများကို တာဝန်ယူပေးနေဆဲ ဖြစ်၏။

ပြည်ပ သာသနာရေး ဆောင်ရွက်ချက်များ

၁။ ၁၉၉၀ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ တောရကျောင်း၌ ကျောင်းထိုင် ဆရာတော်တင်မြှောက်ရန် သာသနာ့တာဝန်ဖြင့် သံဃာတော် ၇ ပါး ကြွရာ အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ပြီး ထိုမှတဆင့် အိန္ဒိယ၊ သီရိလင်္ကာ၊ နီပေါ၊ စင်္ကာပူနှင့် မလေးရှားနိုင်ငံများသို့ လေ့လာရေး ခရီးထွက်ခဲ့၏။ ထိုနှစ်တွင် မလေးရှားနိုင်ငံ၊ ပီနန်ကျွန်း၊ ဓမ္မိကာရာမ မြန်မာကျောင်း၌ ၀ါဆိုခဲ့၏။
၂။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ လောကချမ်းသာဘုရားကျောင်း၊ ပဓာန နာယကာဆရာတော် ဦးဣန္ဒက၏ လမ်းညွှန်သြ၀ါဒအရ အမေရိကန်မြန်မာ ဗုဒ္ဓဘာသာ (အေဘီဘီအေ) အသင်းမှ ပင့်လျှောက် သဖြင့် ၁၉၉၀ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်နေ့တွင် လောကချမ်းသာဘုရားကျောင်းသို့ ရောက်ခဲ့၏။
၃။ လောကချမ်းသာဘုရားကျောင်းတွင် နေထိုင်သည့် လေးနှစ်ကျော်အတွင်း ပဓာန နာယကဆရာတော် ဦးဣန္ဒက၊ ဆရာတော် ဦးမပောာသဓပဏ္ဍိတ (ယခု ဝေဇန္တာကျောင်း၊ ဘ်ေလ်တီမိုး မြို့၊ မေရီလင်းပြည်နယ်) တို့နှင့်အတူ တရားပောာခြင်း၊ လောကချမ်းသာစာစောင် ထုတ်ဝေခြင်း၊ စည်းရုံး နှိုးဆော်ခြင်းတို့ဖြင့် ၁၉၉၅ ခုနှစ်၊ ဇန်န၀ါရီ ၁၆ ရက်နေ့တွင် နယူးဂျာစီပြည်နယ်၊ မနာလာပန်မြို့၌ ၅ ဧက ကျယ်ဝန်းသော မြေနေ ရာပါရှိသည့် (ဒေါ်လာ နှစ်သိန်းခန့်တန်) လောကချမ်းသာ မပာာစည်သတိပဋ္ဌာန်ရိပ်သာကို အေဘီဘီအေ အသင်းမှ ၀ယ်ယူပြီး တည်ထောင်နိုင်ခဲ့၏။
၎။ ဆရာတော် ဦးဣန္ဒကနှင့် အတူ အေဘီဘီအေအသင်း၏ တာဝန်ပေးချီးမြှောက်မှုကြောင့် ၄င်းနှစ်၊ ဇန်န၀ါရီ ၂၁ ရက်နေ့ မပာာစည် သတိပဋ္ဌာန်ရိပ်သာ ကျောင်းတက်ပွဲပြုလုပ်ရာတွင် ဆရာတော် ဦးဣန္ဒကနှင့်အတူ ပါဝင်၍ ယင်းရိပ်သာကျောင်း၌ ဆရာတော်၏ ဒုတိယ တာဝန်ခံ ဘုန်းကြီးအဖြစ် ၂ နှစ်ကျော် နေထိုင်ပြီး သာသနာ့ဝန်ထမ်းဆောင်ခဲ့ရ၏။ [၄င်းနှစ် ဇူလိုင်လ ၃ ရက်နေ့မှစ၍ ဆရာတော် ဦးပညာသီပာ (ဓမ္မာစရိယ၊ ဘီအေ၊ ဒီဃ နိကာယ ကောဝိဒ) နှင့်အတူ နေထိုင်ခဲ့၏။]
၅။ မေရီလင်းပြည်နယ်၊ ဆစ်လ်ဗားစပရင်းမြို့၊ မင်္ဂလာရာမကျောင်း၊ ၀ါရှင်တန်ဒီစီ ဆရာတော်ဦးကေလာသ ၁၉၉၆ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့တွင် ပျံလွန်တော်မူသဖြင့် ကျောင်းဂေါပကအဖွဲ့မှ ဆရာတော် ဦးဣန္ဒက အား လာရောက် လျှောက်ထား၍ ဆရာတော်၏ ထပ်ဆင့် တာဝန်ပေးချီးမြှောက်မှုကြောင့် ၄င်းကျောင်း တွင် အောက်တိုဘာလ ၂၇ ရက်၊ ၁၉၉၆ မှ ဧပြီလ ၂၁ ရက်၊ ၁၉၉၇ အထိ ယာယီ သြ၀ါဒါစရိယ ဆရာတော် အဖြစ် သာသနာ့တာဝန် ထမ်းဆောင်ခဲ့၏။
၆။ ကျေးဇူးရှင် အင်္ဂလန် မြောင်းမြဆရာတော်ဘုရား၏ အမိန့်ဖြင့် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၊ တိသရဏ၀ိပာာ ရကျောင်းသို့ ၁၉၉၇ ခုနှစ်၊ မေလ ၅ ရက်နေ့ ရောက်ရှိပြီး အရေပြားကင်ဆာရောဂါဖြစ်နေသော ဆရာတော်ဘုရားအား အနီးကပ် ပြုစုစောင့်ရှောက်ပေးခဲ့ရာ ယင်းရောဂါဖြင့် ဇန်လ ၈ ရက်နေ့ နံနက် ၃း၅၉ နာရီ အချိန်တွင် ၄င်းကျောင်းတိုက်၌ တစ်ဘ၀ တစ်ခန္ဓာ ချုပ်ငြိမ်းတော်မူသည်အထိ ဖြစ်၏။
၇။ အင်္ဂလန် မြောင်းမြဆရာတော်ဘုရား (အဂ္ဂမပာာပဏ္ဍိတ) ၄င်းနှစ်၊ မေလ ၃ ရက်နေ့ကပင် ယုံကြည်စိတ်ချစွာ လွှဲအပ်တော်မူခဲ့သော တိသရဏ၀ိပာာရကျောင်းတိုက်၌ နယူးယောက် ဆရာတော် ဦးဣန္ဒ၏ လမ်းညွှန်ခွင့်ပြုမှုကိုယူ၍ ပဓာန နာယက ဆရာတော်အဖြစ် နာယကဆရာတော် ဦးဝေပုလ္လ (ကျိုက်သီမွန်၊ ရန်ကုန်) နှင့်အတူ သာသနာ့တာဝန် ထမ်းဆောင်ခဲ့ရာ ၂၀၀၀ ခုနှစ်ကုန်အထိ ဖြစ်၏။
၈။ တိသရဏ၀ိပာာရ (မြောင်းမြ) ကျောင်းတိုက်၌ နေထိုင်သည့် သုံးနှစ်ကျော်အတွင်း ဆရာတော် ဦးဝေပုလ္လ၊ ဘုန်းကြီး ဦးလောကနာထ (ယခု – ဓမ္မဒီပကျောင်း၊ ကင်စတန်မြို့၊ ဂျမေကာနိုင်ငံ)၊ ဘုန်းကြီး ဦးပါမောက္ခ တို့နှင့်အတူ တရားပောာခြင်း၊ တိသရဏ ဓမ္မစာစောင် ထုတ်ဝေခြင်း၊ စည်းရုံးနှိုးဆော်ခြင်းတို့ဖြင့် ၂၀၀၀ ခုနှစ်၊ စက်တင်ဘာလ ၂၀ နေ့တွင် မူလကျောင်းနှင့် တစ်အိမ်ကျော်ရှိအိမ်ကို ပေါင်စတာလင် ၁၆၅,၀၀၀ ပေး၍ တိသရဏ ၀ိပာာရကပ္ပိယ အဖွဲ့မှ ၀ယ်ယူနိုင်ခဲ့၏။
၉။ မြောင်းမြဆရာတော်ဘုရား ပေးအပ်ခဲ့သော အလှည့်ကျ ၄ နှစ် တာဝန် ပြီးဆုံးသည့်အခွ အမေရိ ကန်နိုင်ငံပြန်လာ၍ နယူးယောက်ဆရာတော် ဦးဣန္ဒကနှင့် အတူ ၄ နှစ် နေခဲ့၏။ တဖန် နာယကအဖွဲ့၏ တာဝန်ပေးချက်အရ ၂၀၀၄ ခုနှစ်တွင် မက်ဆာချူးဆက်ပြည်နယ်၊ ဘော်စတွန်မြို့၊ မပာာသတိပဋ္ဌာန် ရိပ်သာကျောင်းပောာင်း၌ ပြောင်းရွှေ့နေထိုင်ခဲ့၏။
ဆရာတော်သည် ကျောင်းပောာင်းမြေနေရာကျဉ်းသဖြင့် ၄င်းကျောင်းကို ဒေါ်လာ ၃၁၀,၀၀၀ ဖြင့် ရောင်းချပြီး ၂၀၀၅ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့၌ ဒေါ်လာ ၃၈၀,၀၀၀ ဖြင့် ကျောင်းသစ်ဝယ်ယူခဲ့၏။ ယခုအခါ ဆရာတော်သည် ဘုန်းကြီး ဦးဝိလာသနှင့်အတူ နေထိုင်ပြီး သာသနာ့တာဝန် ထမ်းဆောင်လျက်ရှိ၏။

ဆရာတော်၏ ခံယူချက်

ငါတို့နေရာ၊ ဤကမ္ဘာတွင်
သာသနာအကျိုး၊ လောကကျိုးနှင့်
ကိုယ်ကျိုးတွက်တာ၊ စွမ်းနိုင်ရာကို
မနာလိုကင်း၊ ပာန်-မာန်ရှင်း၍
စိတ်ရင်းဖြူစွာ ကြိုးစားပါအံ့။
Updated on March 3, 2011.
Copyright © 2011 Mahasatipatthana Meditatio- မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment