Showing posts with label ဆောင်းပါးများ. Show all posts
Showing posts with label ဆောင်းပါးများ. Show all posts

Saturday, 17 December 2011

မှတ်စုမှတ်ရာများမှ ကျေးဇူးရှင်ဗာရာဏသီဆရာတော်ဘုရားကြီး၏ ဘ၀ဖြစ်စဉ်မှတ်စုများ

(၁) ဗာရာဏသီဆရာတော်ဘုရားကြီး၏မွေးချင်းများ

(၁)ဥုးသာအက် ၊ (၂)ဥုးပျော်ပုံ၊ (၃)ဥုးကျော်ယုံ(ဗာရာဏသီမဟာထေရ်)၊ (၄)ဥုးတင်ညွန့်၊ (၅)ဥုးမောင်ကြီး၊ (၆)ဥုးမောင် ငယ်၊ (၇)ဥုးညီရင် (မေမြို့၊ ၀ိသုဒ္ဓါရုံရွှေကျင်တိုက်ဆရာတော် ဥုးမဟောသဓပဏ္ဍိတာဘိဝံသ)၊ (၈)ဒေါ်ညီမကြီး၊ (၉)ဒေါ်ညီမ ငယ်၊ (၁၀)ဥုးညီထွေး။

(၂) မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ ကျောင်းသားဘ၀ဖြင့် စာမေးပွဲအောင်မြင်ခဲ့သူများ

(၁) မောင်ဌေးလွင် (မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသလောင်းလျား)-ပထမငယ်တန်း၊ ပထမလတ် တန်း၊ (၂) မောင်ကျော်ယုံ (ဗာရာဏသီဆရာတော် အရှင်အာနန္ဒပဏ္ဍိတာဘိဝံသလောင်းလျား)- ပထမငယ်တန်း။

Saturday, 10 December 2011

တေလကဋာဟဂါထာ-များ ဖြစ်ပေါ်လာခြင်းအကြောင်း

 ဤတေလကဋာဟဂါထာများကို ခီဏာသ၀ရဟန္တာ ဖြစ်တော်မူသော ကလျာဏီယ မဟာထေရ်မြတ် ဟောကြားတော်မူခဲ့သည်ဟု အဆိုရှိလေသည်။ ယင်းဂါထာများ ကို ဟောကြားတော်မူခြင်း၏ အကြောင်းရင်းမှာ လံကာ(သီဟိုဠ်) ကျွန်း၌ ကလျာဏီ ယတိဿဘုရင် အုပ်စိုးစဉ်အခါ ထိုကလျာဏီယ မဟာထေရ်သည် မင်း ဆရာ ဖြစ်လေသည်။ ကလျာဏီယတိဿဘုရင်၏ညီတော် ဥတ္တိယမင်းသား သည် ထိုကလျာဏီယမဟာထေရ်ထံတော်မှာပင် အတတ်ပညာများကို သင်ယူခဲ့၍ လက်ရေးလက်သားများကို မထေရ်၏လက်ရေးနှင့် တစ်ထပ်တည်း တူအောင် ရေး သားနိုင်လေသည်။