Saturday, 5 November 2011
Friday, 4 November 2011
အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်)
အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်)
၁၂၆၁ - ခုနှစ်၊ တပို့တွဲလပြည့်ကျော်(၁၄)ရက် (၁၉၀၀-ပြည့်နှစ်၊ ဖေဖော်ဝါရီလ-၂၇ရက်) အင်္ဂါနေ့တွင် စစ်ကိုင်း တိုင်း၊ ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်၊ သရိုင်ရွာ၌ အဖ-ဦးဇောတိ၊ အမိ ဒေါ်အုန်းလှိုင်တို့က မွေးဖွားခဲ့သည်။ ငယ်မည် မှာ မောင်ဌေးလွင်ဖြစ်သည်။
Thursday, 3 November 2011
Wednesday, 2 November 2011
စံကျောင်းဆရာတော် ဘုရားကြီး (၁၂၃၅-၁၃၀၉)
စံကျောင်းဆရာတော်ဘုရားကြီး (၁၂၃၅-၁၃၀၉)

ရွှေကျင်နိကာယတွဲဘက်သာသနာပိုင်
စံကျောင်းဆရာတော်သည် ၁၂၃၅-ခုနှစ် တပေါင်းလ ဆန်း (၁၀)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၊ ကျောက် တန်းရွာနေ ဦးအောင်လှ -ဒေါ်အောင်တို့မှ ဖွားမြင်သော သား ရတနာဖြစ်သည်။ ငယ်မည်မှာ ‘မောင်ဉာဏ်’ ဖြစ်သည်။
Tuesday, 1 November 2011
ပထမရွှေကျင်ဆရာတော်ဘုရားကြီးအတ္ထုပ္ပတ္ထိ
ရွှေကျင်ဆရာတော်
ရွှေကျင်ဆရာတော်သည် မင်းတုန်းမင်းလက်ထက် မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာရဟန်းတော်များ အတွင်း ပြုပြင်ပြောင်းလဲရေး ဂိုဏ်းတဂိုဏ်းကို စတင်တည်ထောင်သည့် ဆရာတော်တပါး ဖြစ်ပါသည်၊ စတင်တည်ထောင်သည့် ဆရာတော်အမည်ကိုယူ၍ ယင်းဂိုဏ်းကို ရွှေကျင်ဂိုဏ်း-ဟု ခေါ်သည်။
ဆရာတော်-ဟူသည် မြန်မာနိုင်ငံတွင် လေးစားအပ်သော ဗုဒ္ဓဘာသာရဟန်းတော်တပါး အား လေးစားမှု ကိုပြသသော ဝေါဟာရတခု ဖြစ်သည်။ ရွှေကျင်ဆရာတော်ဟူသော အသုံးအနှုန်းမှာမူ မြန်မာနိုင်ငံ အထက်ပိုင်း ရွှေဘိုမြို့အနီး ဆရာတော်၏ ဇာတိချက်ကြွေ မွေးရပ်မြေ ရွှေကျင်ရွာ-၏ အမည်နှင့်တွဲဘက်၍ ရွှေကျင်ဆရာတော်-ဟု သုံးနှုန်းထားခြင်းဖြစ်သည်။
အဘယာရာမဆရာတော်ဘုရားကြီး
တွဲဘက်ရွှေကျင်သာသနာပိုင်ဆရာတော်ဘရားကြီးဘဒ္ဒန္တအဂ္ဂဓမ္မ (အဘယာရာမဆရာတော်) ၁၂၄၀ – ၁၃၀၅
ဆရာတော်လောင်းလျာအား မြင်းခြံမြို့အရှေ့ဘက်(၆)မိုင်အကွာတွင်ရှိသော ဗလုံရွာကြီးတွင် (၁၂၄၀) ပြည့်နှစ်၊ တပေါင်းလဆန်း(၁၁) ရက်နေ့တွင် ခမည်းတော်ဦးရွှေဇင်၊ မယ်တော်ဒေါ်ရွှေမှဲ့မှ ဖွားမြင်ပါသည်။ ဆရာတော်(၁၀) နှစ်သားအရွယ်တွင် ဥပဇ္ဖျယ်ဆရာတော် ဆရာမှာ ဦးရီးတော်မြင်းခြံဗလုံဆရာတော် ဥူးမဇ္ဖူဖြစ်၍ ခင်မကန်တိုက်အုပ်ဆရာတော် ဦးလက္ခာထံ၌ စာပေပညာ သင်ကြားခဲ့သည်။ ရဟန်းပြုပြီးသော် ရေစကြိုဆရာတော် ဦးဂန္ဒသာရထံမှလည်းကောင်း၊ ပခုက္ကူမဟာဝိသုကာရာမတိုက် နှင့် မန္တလေးမဟာဝိသုဒ္မါရုံ ဒီပဲယင်းဆရာတော်ထံမှ လည်းကောင်း သင်ကြားပြန်သည်။ (၃) ၀ါအရတွင် မဟာဝိသုတာရာမ တိုက်တွင် စာချဆရာတော်အဖြစ်ခန့်အပ်ခြင်းခံရသည်။ စကုမြို့သက်တော်ရှည်တိုက်ဆရာတော် ရှင်ပဏ္ဍ၀ ထံတွင်သက္ကဋစာပေကို ဆက်လက်ဆည်းပူးသည်။
Subscribe to:
Posts (Atom)