Saturday 17 December 2011

လက်ရှိ ပဓာနနာယကဆရာတော် ဘဒ္ဓန္တနာဂ၀ံသ(အဂ္ဂမဟာပဏ္ဍိတ)




မွေးရပ်။ အောင်လံမြို့၊ ဗိုလ်ကုန်းရပ်၊
မွေးနေ့။ ၁၂၉၅-ခုနှစ်၊ ပြာသိုလ်လဆန်း (၈) ရက်၊ စနေနေ့၊
မိဘအမည်။ ဦးမောင်ဆိုင်၊ ဒေါ်တင်
မွေးချင်း။ ညီအကို မောင်နှမ ၆-ယောက်တို့တွင် အငယ်ဆုံး သားရတနာ

မှတ်စုမှတ်ရာများမှ ကျေးဇူးရှင်ဗာရာဏသီဆရာတော်ဘုရားကြီး၏ ဘ၀ဖြစ်စဉ်မှတ်စုများ

(၁) ဗာရာဏသီဆရာတော်ဘုရားကြီး၏မွေးချင်းများ

(၁)ဥုးသာအက် ၊ (၂)ဥုးပျော်ပုံ၊ (၃)ဥုးကျော်ယုံ(ဗာရာဏသီမဟာထေရ်)၊ (၄)ဥုးတင်ညွန့်၊ (၅)ဥုးမောင်ကြီး၊ (၆)ဥုးမောင် ငယ်၊ (၇)ဥုးညီရင် (မေမြို့၊ ၀ိသုဒ္ဓါရုံရွှေကျင်တိုက်ဆရာတော် ဥုးမဟောသဓပဏ္ဍိတာဘိဝံသ)၊ (၈)ဒေါ်ညီမကြီး၊ (၉)ဒေါ်ညီမ ငယ်၊ (၁၀)ဥုးညီထွေး။

(၂) မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ ကျောင်းသားဘ၀ဖြင့် စာမေးပွဲအောင်မြင်ခဲ့သူများ

(၁) မောင်ဌေးလွင် (မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသလောင်းလျား)-ပထမငယ်တန်း၊ ပထမလတ် တန်း၊ (၂) မောင်ကျော်ယုံ (ဗာရာဏသီဆရာတော် အရှင်အာနန္ဒပဏ္ဍိတာဘိဝံသလောင်းလျား)- ပထမငယ်တန်း။

ပြည်မြို့ ၊ န၀င်းရပ်၊ ၀ိသုဒ္ဓါရုံဗာရာဏသီကျောင်းတိုက်၊ သာသနာ့မော်ကွန်း


ဇေယျတု။ ။ သာသနာတော်နှစ်(၁၀၁)ခုနှစ်၊ တန်ခူးလဆန်း (၁)ရက်၊ တနင်္ဂနွေနေ့၊ ဘီစီ (၄၄၃) ခုနှစ်တွင် မဟာသမ္ဘ၀၊ စူဠသမ္ဘ၀နှင့် ဗေဒါရီတို့မှ မွေးဖွါးသော-ဒွတ္တပေါင်မင်းသည် သရေခေတ္တရာပြည်ကြီးကို တည်ထောင်တော်မူခဲ့သည်။ အိမ်နိမ့် (၃၅)နှစ်၊ နန်းစည်းစိမ် (၇၀)နှစ် စံစားခဲ့သည်။ ထို့နောက် မင်းကြီး၏ အနွယ်တော်အဆက်ဆက်မှ နန်းစိုးစံခဲ့ရာ သီရိရာဇ်မင်း (သာသနာတော်နှစ်-၄၂၄-၄၃၃) သည် နောက်ဆုံး အနွယ်တော် ဆက် ဖြစ်သည်။ ထိုသီရိရာဇ်မင်း နတ်ရွာစံပြီးနောက် သမက်တော်ဖြစ်သော ငတပါးမင်း( သာသနာတော်နှစ်-၄၃၃-၄၈၄)သည် နန်းတက်သည်။ (တစ်ပါးသောအမျိုးသားက မင်းဖြစ်သောကြောင့် -ငတပါးမင်း-ဟု အမည်တွင်သည်။)

Friday 16 December 2011

ဝိသုဒ္ဓါရုံဗာရာဏသီတိုက် တစ်နေ့တာ လုပ်ငန်းဆောင်ရွက်ချက်များ

၁။ နံနက် ၃-နာရီခွဲတွင် သစ်စည်ထိုး၍ သံဃာတော်များ အိပ်ယာမှ ထကြရသည်။

၂။ နံနက် ၄-နာရီတွင် ဘုရားဝတ်တက်ကြရသည်။

၃။ နံနက် ၄-နာရီ ၂၀-မိနစ်တွင် နံနက်ဝတ်ရွတ်စဉ်များ ရွတ်ပွားသရဇ္ဈာယ်ကြရသည်။

Wednesday 14 December 2011

ဝိသုဒ္ဓါရုံဗာရာဏသီတိုက်၏ နောက်ခံအကြမ်းထည် ရုပ်ပုံလွှာများနှင့် ယခုမျက်မှောက် မြင်ကွင်းများ



ဤကဏ္ဍနှင့်စပ်ဆက်၍ နောက်ခံအကြမ်းထည်ရုပ်ပုံလွှာနှင့် ယခုမျက်မှောက်မြင်ကွင်းများ-ဟု နှစ်ပိုင်းခွဲ၍ တင်ပြလိုသည်။ ပထမတစ်ပိုင်းသည် ၀ိ-ဗာ တိုက်မတည်ခင် အနေအထားများဖြစ်ပြီး ဒုတိယအပိုင်းသည် ၀ိ-ဗာ တိုက်တည်ပြီးနောက် ယ နေ့တိုင် တိုးတက်လာသော အခြေအနေတို့ကို ရည်ရွယ်ပါသည်။

Tuesday 13 December 2011

သခင်မကြီး ဒေါ်သိန်းတင်၏ သမိုင်းမှတ်တမ်း (အပိုင်း-၁)

ဤအတ္ထုပ္ပတ္တိ၏ ဤနေရာတွင် မပါဝင်လျင် မပြည့်စုံသော အခန်းကဏ္ဍမှာ     ၀ိသုဒ္ဓါရုံဗာရာဏသီ တိုက်အမ ကြီး ဒေါ်သိန်းတင်၏အခန်းကဏ္ဍဖြစ်သည်။
ဝိသုဒ္ဓါရုံဗာရာဏသီတိုက်ဟုဆိုလျင် ဒေါ်သိန်းတင်၊ ဒေါ်သိန်းတင်ဟုဆိုလျင် ၀ိသုဒ္ဓါရုံဗာရာဏသီတိုက်၊ ဤသို့ဖြင့် ဒေါ်သိန်းတင်နှင့် ၀ိသုဒ္ဓါရုံဗာရာဏသီတိုက် သည် ခွဲခြားမရဘဲ တသားတည်းဖြစ် လျက်ရှိကြောင်းကို လူအများက အသိ အမှတ်ပြုထားကြပြီး ဖြစ်ကြသည်။ သို့ဖြစ်၍ ၁၃၂၁-ခုနှစ်မှ စ၍ ပြည်မြို့ တွင် ရွှေကျင်သာသနာကို စတင်တည်ထောင်ခဲ့သူ ဤအတ္ထုပ္ပတ္တိ အရှင် ဗာရာဏသီ မဟာထေရ်နှင့်” ရထဒ္ဓေ မဂ္ဂယထာ” ရထားသံလမ်း ဥပမာ ဆရာဒကာ “ဥဘော အညောည နိဿိတာ” နှစ်မွှာဖြာ လျက် သာသနာပြုလာသော ၀ိ-ဗာတိုက် အမ- သခင် မကြီး ဒေါ်သိန်းတင်၏ ငယ်စဉ်ကစ ယနေ့ကျအောင် အဖြစ်အပျက် တေ့ဆက်စကား သင်္ခေပအနေ အားဖြင့် ဖော်ပြရပေဦးမည်။

Monday 12 December 2011

သခင်မကြီး ဒေါ်သိန်းတင်၏ သမိုင်းမှတ်တမ်း (အပိုင်း-၂)



သမီးနှင့်သား၊ ခင်ပွန်းကား၊ ဆုံးသွားထိုခါ မယ်ပဋာ။ ။
ဤသို့ ဆေးလိပ်လုပ်ငန်း နေသားတကျလုပ်ကိုင်နေစဉ် သမီးကြီး-ဂျမ်းကလေး သေးဆုံးပျက်ဆီး၍ (၃)လအကြာ ၁၃၁၁-ခု၊ ကဆုန်လဆန်း(၁၀)ရက်နေ့တွင် ပြည်မြို့ပေါ်၌ ရဲဘော်ဖြူနှင့် အစိုးရတပ်များ ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်ကြသည့် လက်နက်ဖြင့် ခင်ပွန်းဖြစ်သူ သခင်သင် ကျဆုံးခဲ့ရပြန်သည်။

Saturday 10 December 2011

တေလကဋာဟဂါထာ-များ ဖြစ်ပေါ်လာခြင်းအကြောင်း

 ဤတေလကဋာဟဂါထာများကို ခီဏာသ၀ရဟန္တာ ဖြစ်တော်မူသော ကလျာဏီယ မဟာထေရ်မြတ် ဟောကြားတော်မူခဲ့သည်ဟု အဆိုရှိလေသည်။ ယင်းဂါထာများ ကို ဟောကြားတော်မူခြင်း၏ အကြောင်းရင်းမှာ လံကာ(သီဟိုဠ်) ကျွန်း၌ ကလျာဏီ ယတိဿဘုရင် အုပ်စိုးစဉ်အခါ ထိုကလျာဏီယ မဟာထေရ်သည် မင်း ဆရာ ဖြစ်လေသည်။ ကလျာဏီယတိဿဘုရင်၏ညီတော် ဥတ္တိယမင်းသား သည် ထိုကလျာဏီယမဟာထေရ်ထံတော်မှာပင် အတတ်ပညာများကို သင်ယူခဲ့၍ လက်ရေးလက်သားများကို မထေရ်၏လက်ရေးနှင့် တစ်ထပ်တည်း တူအောင် ရေး သားနိုင်လေသည်။

Monday 28 November 2011

အရှင်ဂန္ဓသာရာဘိဝံသ


အရှင်ဂန္ဓသာရာဘိဝံသကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ စမုတ်ပရာ ကန်မြို့နယ်၊ ၃-ရပ်ကွက်၊ စုခုမ်ဝိတ်လမ်း၊ အိမ် အမှတ်-၉၃၊ ၂၀၇-နေ ခမည်တော် ဦးနိုင်ကုတ်ခွန်းစဲ့ဟိန်၊ မယ်တော် ဒေါ်မန်းဝမ်စဲ့သန်တို့မှ ၁၉၆၁-ခုနှစ်၊ ဧပြီလ ၂၄-ရက်၊ တနင်္လာနေ့၊ ည -၇-နာရီ၊ ၂၄-မိနစ် အချိန်တွင် ဖွါးမြင်တော်မူပါသည်။ မွေးချင်း ၆-ယောက်အနက် အငယ် ဆုံး သားမြတ်ရတနာ ဖြစ်ပါသည်။ ငယ်နာမည် မှာ မောင်စုန် လတ်စု စထာဖွန် ဖြစ်သည်။

Sunday 27 November 2011

အရှင်အဘယာလင်္ကာရ

အမေရိကန်နိုင်ငံ – မက်ဆာချူးဆက်ပြည်နယ်၊ ဘော်စတွန်မြို့
မပာာသတိပဋ္ဌာန်ရိပ်သာကျောင်းသစ်
နာယကဆရာတော် အရှင်အဘယာလင်္ကာရ၏
ဘ၀ဖြစ်စဉ် ပုံရိပ်သွင်


အရှင်အဘယာလင်္ကာရ

မိဘနှင့် မွေးဖွားရာဌာန

ဆရာတော်သည် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ရွှေတော်မြို့နယ်၊ မန်ကျဉ်းပေါင်ကုန်းရွာ၊ ဦးမောင်ရွှေ၊ ဒေါ်သိန်းပာန်တို့မှ ၁၃၀၇ ခုနှစ်၊ ၀ါခေါင်လဆန်း ၁၁ ရက် (သြဂုတ်လ ၁၉ ရက်၊ ၁၉၄၅) တနင်္ဂနွေနေ့ နံနက် ၄း၃၀ နာရီတွင် ဖွားမြင်၏။

Saturday 26 November 2011

မှတ်တမ်းမှတ်ရာများ (၂၀)

တိုက်အုပ်ဆရာတော် ဘဒ္ဓန္တ နန္ဒောဘာသာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ) (၁၃၀၈ - ၁၃၇၂)

ပရိယတ္တိသာသနဟိတဓမ္မာစရိယ၊ စေတီယင်္ဂဏပရိယတ္တိဓမ္မာစရိယဂဏ၀ါစက၊
သာသနဓဇဓမ္မာစရိယ၊ (သ-စ-အ- ဓမ္မာစရိယ)၊ အဂ္ဂမဟာပဏ္ဍိတ

မိဘအမည်။ ဥုးမောင်ဟန်+ဒေါ် ကွန်းနု
မွေးသက္ကရာဇ်နှင့်ငယ်နာမည်။ ၁၃၀၈-ခု၊တန်ဆောင်မုန်းလပြည့်ကျော် (၁)ရက်၊ စနေနေ့၊ နံနက် ၉-နာရီ။
မွေးချင်း။  ညီအကိုမောင်နှမ (၆) ယောက်တို့တွင် တတိယမြောက် သားရတနာ

ငယ်နာမည်။ ။ မောင်တင်ထွန်း
ဇာတိ။ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဆင်ကျွန်းကျေးရွာ
ကျောင်းအပ်။ ၁၃၁၄-ခုနှစ်- ရွာဦးကျောင်းဆရာတော် ဘဒ္ဒန္တကုဏ္ဍလာဘိဝံသ၊
အစိုးရမူလတန်းကျောင်းတွင် ၄-တန်းအောင်မြင်သည့်အထိ သင်ယူခဲ့ပါသည်။

ရှင်ပြုမင်္ဂလာနှင့်ဘွဲ့အမည်။ ၁၃၁၉-ခု၊ ဘဒ္ဒန္တ္ကကုဏ္ဍလာဘိဝံသကို ဥပဇ္ဈယ်ပြု၍ မိဘနှစ်ပါး၏ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိသည်။

Thursday 24 November 2011

ပထမ-တိုက် ကြပ်ဆရာတော် ဘဒ္ဒန္တဇာနေယျ


မကွေးတိုင်း- အောင်လံမြို့နယ်၊ အလယ်ရွာကျောင်းဆရာတော် ဘဒ္ဒန္တဇာနေယျ ၏ ထေရုပ္ပတ္တိ

ဖွားမြင်တော်မူခြင်း။ ။ ဆရာတော်လောင်းလျာသည် မကွေးတိုင်း၊ အောင်လံမြို့နယ်၊ အလယ်ရွာ ခမည်တော် ဦးငွေမှုး+ မယ်တော် ဒေါ်သက်ယုံတို့မှ ၁၂၉၁-ခုနှစ်၊ တပို့တွဲလဆန်း (၁၅)ရက်၊ အင်္ဂါနေ့တွင် ဖွားမြင်တော်မူသည်။ ငယ်နာမည် မှာ မောင်စောဟန် ဖြစ်ပါသည်။

ရှင်-ရဟန်းအဖြစ်သို့ရောက်တော်မူခြင်း။ ။၁၃၀၈-ခုနှစ်တွင်၊ ထမကံကျောင်းဆ ရာတော်ကို ဥပဇ္ဈာယ်ပြု၍ ခမည်းတော်မယ်တော်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်အဖြစ်သို့ရောက်တော်မူသည်။

Wednesday 23 November 2011

ဆွမ်းကျောင်းဆရာတော် ဘဒ္ဓန္တသြဘာသ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) (၁၂၉၆ - ၁၃၇၀ )

ဖွားမြင်တော်မူခြင်း။ ။ ဆရာတော်လျောင်းလျာသည် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မင်းတည်ကုန်းရွာ၊ ခမည်းတော် ဦးချစ်လှ၊ မယ်တော် ဒေါ်အေးဆယ်တို့မှ ၁၂၉၆-ခုနှစ်၊ တန်ခူးလပြည့်ကျော် (၁၁)ရက်၊ တနင်္ဂနွေနေ့တွင် မီးရှုးသန့်စင် ဖွားမြင်တော်မူပါသည်။

Tuesday 22 November 2011

ဒုတိယမြောက် ပဓာနနာယကဆရာတော် ဘဒ္ဓန္တ၀ိစိတ္တစာရ (အဂ္ဂမဟာပဏ္ဍိတ) (၁၂၉၁ - ၁၃၆၁)

မိဘအမည်။ ဥုးစံညွန့်+ဒေါ်ဝဲကျော်
မွေးသက္ကရာဇ်နှင့်ငယ်နာမည်။ ၁၂၉၁-ခု၊နယုန်လပြည့်ကျော် ၇-ရက်၊ဗုဒ္ဓဟူးနေ့၊ နံနက် နေ့တက် ၁၀-နာရီ။ မောင်ချစ်သီး
မွေးချင်း။ ညီအကို ရ-ယောက်တွင် ပဉ္စမမြောက်သားရတနာ
ဇာတိ။ မကွေးတိုင်း၊အောင်လံမြို့နယ်၊ရွာသာကုန်းကျေးရွာ
ကျောင်းအပ်။ ရွှေပန်းတောကျေးရွာ၊ အရှေ့ကျောင်းဆရာတော်၊ ဦးလေး ဘုန်းတော်ကြီး အရှင်ကေလာသ

Monday 21 November 2011

ပထမ တိုက်အုပ် ဆရာတော် ဘဒ္ဓန္တ၀ိသာရဒပဏ္ဍိတ (အဂ္ဂမဟာပဏ္ဍိတ) (၁၂၈၇ - ၁၃၆၆)

မိဘအမည်။ ဥုးသန့်+ဒေါ်အေးမယ်
မွေးသက္ကရာဇ်နှင့်ငယ်နာမည်။ ၁၂၈၇-ခု၊ကဆုန်လပြည့်ကျော် ၁၄-ရက်၊ဗုဒ္ဓဟူးနေ့၊ နံနက် ၉-နာရီ။
မွေးချင်း။ သားဦးရတနာ
ဇာတိ။ မကွေးတိုင်း၊အောင်လံမြို့နယ်၊ကြိုကြာကုန်းကျေးရွာ
ကျောင်းအပ်။ ကြိုးကြာကုန်ကျေးရွာ၊ ရွာဦးကျောင်းဆရာတော်၊
ကျောင်းသားဘ၀။ ၈-တန်းအောင်
ရှင်ပြုမင်္ဂလာနှင့်ဘွဲ့အမည်။ ၁၃၀၄-ခု၊ တန်ခူးလဆန်း ၁၅-ရက်၊ ရှင် ၀ိသာရဒ

Sunday 20 November 2011

မှတ်တမ်းမှတ်ရာများ (၁၅)




မှတ်တမ်းမှတ်ရာများ (၁၈)

မှတ်တမ်းမှတ်ရာများ (၁၄)


မှတ်တမ်းမှတ်ရာများ (၁၃)

မှတ်တမ်းမှတ်ရာများ (၁၆)

မှတ်တမ်းမှတ်ရာများ (၁၉)

မှတ်တမ်းမှတ်ရာများ (၂၂)

မှတ်တမ်းမှတ်ရာများ (၁၀)


စာချဘုန်းတော်ကြီး ဘဒ္ဓန္တဓမ္မရသ (အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ)



မိဘအမည်။ ဥုးချစ်ဦး+ဒေါ်ဖွားသစ်
မွေးသက္ကရာဇ်နှင့်ငယ်နာမည်။ ၁၂၈၃-ခု၊တော်သလင်းလပြည့်ကျော် ၁၅-ရက်၊ စနေနေ့
ဇာတိ။ မကွေးတိုင်း၊အောင်လံမြို့်၊ မြို့မရပ်
ကျောင်းသားဘ၀။ ၁၃၀၀-ခုနှစ် အောင်လံမြို့၊ရွှေယင်းမာကျောင်းမှ တိုင်းရင်းဘာ သာ ဒသမတန်းအောင်သည်။

မှတ်တမ်းမှတ်ရာများ (၉)


မှတ်တမ်းမှတ်ရာများ (၈)


မှတ်တမ်းမှတ်ရာများ (၁၂)


မှတ်တမ်းမှတ်ရာများ (၁၁)

Wednesday 16 November 2011

သမိုင်းမှတ်တမ်းများ (၄) - သခင်မကြီး ဒေါ်သိန်းတင်



သမိုင်းမှတ်တမ်းများ (၃) - သခင်မကြီး ဒေါ်သိန်းတင်



သမိုင်းမှတ်တမ်းများ (၂) - သခင်မကြီး ဒေါ်သိန်းတင်



သမိုင်းမှတ်တမ်းများ (၁)- သခင်မကြီး ဒေါ်သိန်းတင်

ဗာရာဏသီကျောင်းတိုက်အတွင်း သာသနိက အဆောက်အဦးများ