Saturday 17 December 2011

လက်ရှိ ပဓာနနာယကဆရာတော် ဘဒ္ဓန္တနာဂ၀ံသ(အဂ္ဂမဟာပဏ္ဍိတ)




မွေးရပ်။ အောင်လံမြို့၊ ဗိုလ်ကုန်းရပ်၊
မွေးနေ့။ ၁၂၉၅-ခုနှစ်၊ ပြာသိုလ်လဆန်း (၈) ရက်၊ စနေနေ့၊
မိဘအမည်။ ဦးမောင်ဆိုင်၊ ဒေါ်တင်
မွေးချင်း။ ညီအကို မောင်နှမ ၆-ယောက်တို့တွင် အငယ်ဆုံး သားရတနာ

မှတ်စုမှတ်ရာများမှ ကျေးဇူးရှင်ဗာရာဏသီဆရာတော်ဘုရားကြီး၏ ဘ၀ဖြစ်စဉ်မှတ်စုများ

(၁) ဗာရာဏသီဆရာတော်ဘုရားကြီး၏မွေးချင်းများ

(၁)ဥုးသာအက် ၊ (၂)ဥုးပျော်ပုံ၊ (၃)ဥုးကျော်ယုံ(ဗာရာဏသီမဟာထေရ်)၊ (၄)ဥုးတင်ညွန့်၊ (၅)ဥုးမောင်ကြီး၊ (၆)ဥုးမောင် ငယ်၊ (၇)ဥုးညီရင် (မေမြို့၊ ၀ိသုဒ္ဓါရုံရွှေကျင်တိုက်ဆရာတော် ဥုးမဟောသဓပဏ္ဍိတာဘိဝံသ)၊ (၈)ဒေါ်ညီမကြီး၊ (၉)ဒေါ်ညီမ ငယ်၊ (၁၀)ဥုးညီထွေး။

(၂) မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ ကျောင်းသားဘ၀ဖြင့် စာမေးပွဲအောင်မြင်ခဲ့သူများ

(၁) မောင်ဌေးလွင် (မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသလောင်းလျား)-ပထမငယ်တန်း၊ ပထမလတ် တန်း၊ (၂) မောင်ကျော်ယုံ (ဗာရာဏသီဆရာတော် အရှင်အာနန္ဒပဏ္ဍိတာဘိဝံသလောင်းလျား)- ပထမငယ်တန်း။

ပြည်မြို့ ၊ န၀င်းရပ်၊ ၀ိသုဒ္ဓါရုံဗာရာဏသီကျောင်းတိုက်၊ သာသနာ့မော်ကွန်း


ဇေယျတု။ ။ သာသနာတော်နှစ်(၁၀၁)ခုနှစ်၊ တန်ခူးလဆန်း (၁)ရက်၊ တနင်္ဂနွေနေ့၊ ဘီစီ (၄၄၃) ခုနှစ်တွင် မဟာသမ္ဘ၀၊ စူဠသမ္ဘ၀နှင့် ဗေဒါရီတို့မှ မွေးဖွါးသော-ဒွတ္တပေါင်မင်းသည် သရေခေတ္တရာပြည်ကြီးကို တည်ထောင်တော်မူခဲ့သည်။ အိမ်နိမ့် (၃၅)နှစ်၊ နန်းစည်းစိမ် (၇၀)နှစ် စံစားခဲ့သည်။ ထို့နောက် မင်းကြီး၏ အနွယ်တော်အဆက်ဆက်မှ နန်းစိုးစံခဲ့ရာ သီရိရာဇ်မင်း (သာသနာတော်နှစ်-၄၂၄-၄၃၃) သည် နောက်ဆုံး အနွယ်တော် ဆက် ဖြစ်သည်။ ထိုသီရိရာဇ်မင်း နတ်ရွာစံပြီးနောက် သမက်တော်ဖြစ်သော ငတပါးမင်း( သာသနာတော်နှစ်-၄၃၃-၄၈၄)သည် နန်းတက်သည်။ (တစ်ပါးသောအမျိုးသားက မင်းဖြစ်သောကြောင့် -ငတပါးမင်း-ဟု အမည်တွင်သည်။)

Friday 16 December 2011

ဝိသုဒ္ဓါရုံဗာရာဏသီတိုက် တစ်နေ့တာ လုပ်ငန်းဆောင်ရွက်ချက်များ

၁။ နံနက် ၃-နာရီခွဲတွင် သစ်စည်ထိုး၍ သံဃာတော်များ အိပ်ယာမှ ထကြရသည်။

၂။ နံနက် ၄-နာရီတွင် ဘုရားဝတ်တက်ကြရသည်။

၃။ နံနက် ၄-နာရီ ၂၀-မိနစ်တွင် နံနက်ဝတ်ရွတ်စဉ်များ ရွတ်ပွားသရဇ္ဈာယ်ကြရသည်။

Wednesday 14 December 2011

ဝိသုဒ္ဓါရုံဗာရာဏသီတိုက်၏ နောက်ခံအကြမ်းထည် ရုပ်ပုံလွှာများနှင့် ယခုမျက်မှောက် မြင်ကွင်းများ



ဤကဏ္ဍနှင့်စပ်ဆက်၍ နောက်ခံအကြမ်းထည်ရုပ်ပုံလွှာနှင့် ယခုမျက်မှောက်မြင်ကွင်းများ-ဟု နှစ်ပိုင်းခွဲ၍ တင်ပြလိုသည်။ ပထမတစ်ပိုင်းသည် ၀ိ-ဗာ တိုက်မတည်ခင် အနေအထားများဖြစ်ပြီး ဒုတိယအပိုင်းသည် ၀ိ-ဗာ တိုက်တည်ပြီးနောက် ယ နေ့တိုင် တိုးတက်လာသော အခြေအနေတို့ကို ရည်ရွယ်ပါသည်။

Tuesday 13 December 2011

သခင်မကြီး ဒေါ်သိန်းတင်၏ သမိုင်းမှတ်တမ်း (အပိုင်း-၁)

ဤအတ္ထုပ္ပတ္တိ၏ ဤနေရာတွင် မပါဝင်လျင် မပြည့်စုံသော အခန်းကဏ္ဍမှာ     ၀ိသုဒ္ဓါရုံဗာရာဏသီ တိုက်အမ ကြီး ဒေါ်သိန်းတင်၏အခန်းကဏ္ဍဖြစ်သည်။
ဝိသုဒ္ဓါရုံဗာရာဏသီတိုက်ဟုဆိုလျင် ဒေါ်သိန်းတင်၊ ဒေါ်သိန်းတင်ဟုဆိုလျင် ၀ိသုဒ္ဓါရုံဗာရာဏသီတိုက်၊ ဤသို့ဖြင့် ဒေါ်သိန်းတင်နှင့် ၀ိသုဒ္ဓါရုံဗာရာဏသီတိုက် သည် ခွဲခြားမရဘဲ တသားတည်းဖြစ် လျက်ရှိကြောင်းကို လူအများက အသိ အမှတ်ပြုထားကြပြီး ဖြစ်ကြသည်။ သို့ဖြစ်၍ ၁၃၂၁-ခုနှစ်မှ စ၍ ပြည်မြို့ တွင် ရွှေကျင်သာသနာကို စတင်တည်ထောင်ခဲ့သူ ဤအတ္ထုပ္ပတ္တိ အရှင် ဗာရာဏသီ မဟာထေရ်နှင့်” ရထဒ္ဓေ မဂ္ဂယထာ” ရထားသံလမ်း ဥပမာ ဆရာဒကာ “ဥဘော အညောည နိဿိတာ” နှစ်မွှာဖြာ လျက် သာသနာပြုလာသော ၀ိ-ဗာတိုက် အမ- သခင် မကြီး ဒေါ်သိန်းတင်၏ ငယ်စဉ်ကစ ယနေ့ကျအောင် အဖြစ်အပျက် တေ့ဆက်စကား သင်္ခေပအနေ အားဖြင့် ဖော်ပြရပေဦးမည်။

Monday 12 December 2011

သခင်မကြီး ဒေါ်သိန်းတင်၏ သမိုင်းမှတ်တမ်း (အပိုင်း-၂)



သမီးနှင့်သား၊ ခင်ပွန်းကား၊ ဆုံးသွားထိုခါ မယ်ပဋာ။ ။
ဤသို့ ဆေးလိပ်လုပ်ငန်း နေသားတကျလုပ်ကိုင်နေစဉ် သမီးကြီး-ဂျမ်းကလေး သေးဆုံးပျက်ဆီး၍ (၃)လအကြာ ၁၃၁၁-ခု၊ ကဆုန်လဆန်း(၁၀)ရက်နေ့တွင် ပြည်မြို့ပေါ်၌ ရဲဘော်ဖြူနှင့် အစိုးရတပ်များ ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်ကြသည့် လက်နက်ဖြင့် ခင်ပွန်းဖြစ်သူ သခင်သင် ကျဆုံးခဲ့ရပြန်သည်။