Tuesday 8 November 2011

ဗာရာဏသီဆရာတော်ဘုရားကြီး ဘဒ္ဒန္တအာနန္ဒပဏ္ဍိတာဘိဝံသထေရ်

မိဘအမည်= ဦးစံထူး+ဒေါ်ဒေါ်ဆေး ဖြစ်သည်။
မွေးသက္ကရာဇ်= ၁၂၆၄-ခု ၊ ၀ါဆိုလပြည့်၊ တနင်္ဂနွေနေ့၊ နံနက်-၃-နာရီ ဖြစ်သည်။
ငယ်နာမည်= မောင်ကျော်ရုံ(တတိယမြောက်သားရတနာ) ဖြစ်သည်။
မွေးချင်းများမှာ= ညီ+အကို- ၈+ နှမ-၂= ၁၀=ယောက်၊( ညီတော် ဥုးမဟောသဓာပဏ္ဍိတာဘိဝံသ(၁၂၇၃-၁၃၅၆)၊ (အဂ္ဂမဟာပဏ္ဍိတ)၊ ပဓာနနာယက၊ မေမြို့၊ ၀ိသုဒ္ဓါရုံရွှေကျင်ကျောင်းတိုက်)ဖြစ်သည်။ 
ဇာတိမှာ=မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ဇိန့်ရွာ ဖြစ်သည်။


၁၂၇၅-ခုနှစ် ၁၀-နှစ်သားအရွယ်တွင် ဇိန့်-ရွာဥုးကျောင်းဆရာတော် ဘဒ္ဒန္တသုန္ဒရထံတွင် အခြေခံစာပေများကို သင်ကြားတော်မူပါ သည်။ 
၁၂၇၇-ခုနှစ်(၁၃)နှစ်သားအရွယ် ကျောင်းသားသူငယ် မောင်ကျော်ရုံဘ၀ဖြင့် မန္တလေးမြို့၊ အနောက်ပြင်၊ မဟာဝိသုဒ္ဓါရုံ တိုက်သစ်၊ စည်ရှင်ကျောင်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တ္တကောသလ္လ (ရွှေကျင်တွဲဘက်သာသနာပိုင်)ထံသို့ ဥုးကြီးတော် ဘဒ္ဒန္တကုဏ္ဍ လာဘိဝံသ (တောင်ငူမြို့၊ ၀ိသုဒ္ဓါရုံသိမ်ဥုးပရိယတ္တိစာသင်တိုက်)၏ အပ်နှံပို့ဆောင်မှုဖြင့် ပညာသင်ရောက်ရှိခဲ့သည်။ 
၁၂၈၀-ခုနှစ်၊ ပထမငယ်တန်း(ကျောင်းသားဘ၀ဖြင့်အောင်မြင်သည်)။

၁၂၈၀-ခုနှစ်တွင် ရွှေကျင်နိကာယတတိယသာသနာပိုင် ဒီပဲယင်းဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြု၍ နမ္မတူမြို့၊ ဘာမာမိုင်း ကန်ထရိုက်တာ ဥုးအကောင်းရှုတ်၊ဒေါ်ဒေါ်သွယ်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့သည်။ စည်ရှင်ဆရာတော် ဘုရားကြီးမှ ရှင်အာနန္ဒပဏ္ဍိတ-ဟု ဘွဲ့အမည်ပေးတော်မူသည်။ 
၁၂၈၁-ခုနှစ်၊ ပထမလတ်တန်း (ရှင်သာမဏေဘ၀ဖြင့်အောင်မြင် သည်)။

၁၂၈၄-ခုနှစ်၊ ၀ါဆိုလဆန်း(၁၃)ရက်၊ ကြာသပတေးနေ့၊ နံနက်၊ နေ့တက် (၉)နာရီနှင့် ဗီဇနာ (၄၀)အချိန်တွင် မန္တလေးမြို့၊ မဟာ ၀ိသုဒ္ဓါရုံတိုက်သစ်၊ ခဏ္ဍသိမ်တော်တွင် မူလရှင့်ဒကာများ ဖြစ်ကြသော နမ္မတူမြို့၊ (ဦးအကောင်းရှုတ်)+ဒေါ်ဒေါ်သွယ် မိသားစု၏ ပစ္စယာနုဂ္ဂဟဖြင့် ဒီပဲယင်းဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။
၁၂၈၅-ခုနှစ်၊ ၀ိသုဒ္ဓါရုံဝံသာလင်္ကာရ သဒ္ဓမ္မပါလ ပဏ္ဍိတဓဇ ပထမကျော်၊
၁၂၈၅-ခုနှစ်၊ သာဝတ္ထိမြို့၊ ပုည၀ဍနပထမကျော်၊ 
၁၂၈၇-ခုနှစ်၊ မေမြို့၊ ၀ိနယပထမကျော်၊ 
၁၂၉၅-ခုနှစ်၊ အစိုးရပထမပြန်-ပထမကျော်၊ 
၁၂၉၅-ခုနှစ်၊ သကျသီဟ ပရိယတ္တိ သာသနဟိတ ဓမ္မာစရိယ(ဒုတိယအမှတ်များဆုံးဖြင့်အောင်မြင်သည်။)၊

ပရိယတ္တိသင်ကြားခြင်း။ ။အောင်လံမြို့၊ ဇိန့်ကျောင်းဆရာတော် ဥုးသုန္ဒရ၊ တောင်ငူမြို့၊ လောကုတ္တရာသိမ်ဥုးဆရာတော် ဘထွေးတော် လေယာဉ်ပျံ-ဥုးကုဏ္ဍလာဘိဝံသ၊ မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ စည်ရှင်ဆရာတော် ၊ စံကင်းဆရာတာ်၊ အဘယာရာမဆရာတော်၊ ဇီးပင်ဆရာတော်၊ရန်ကင်းဆရာတော်၊ပခုက္ကူမြို့၊ မဟာဝိသုတာရာမတိုက်၊ဆရာတော် ဥုးပညာ၊ ဆရာတော် ဥုးသုန္ဒရ၊ ဆရာတော် ဥုးနန္ဒ၀ံသ၊ ဆရာတော် ဥုးကောဏ္ဍည စသည်တို့ ဖြစ်သည်။

၁၂၉၃-ခုနှစ်၊ မေမြို့၊ ၀ိသုဒ္ဓါရုံရွှေကျင်ကျောင်းတိုက်၊ ပဓာနနာယက ဖြစ်တော်မူသည်။ (ယင်း ကျောင်းတိုက်အား ညီတော် အရင်းဖြစ်သူ ဘဒ္ဒန္တ မဟောသဓပဏ္ဍိတာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ)အား လွှဲအပ်တော်မူခဲ့သည်။)။

၁၃၀၂-ခုနှစ်၊ သက်တော် (၃၈)နှစ်အရွယ်တွင် ရန်ကုန်မြို့၊ အရိယဓမ္မပညာတော်သင်အဖွဲ့၏ စေလွှတ်ချက်ဖြင့် အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့၊ ဟိန္ဒူတက္ကသိုလ်-Banaras Hindu University (BHU)သို့ တက်ရောက်ပညာသင်ကြားခဲ့သည်။
၁၃၀၄-ခုနှစ်၊ အ၀ကျွန်း(ယခု - ဘင်္ဂလားဒေရှ်နိုင်ငံ)၊သိမ်တောင်ရွာ၌ သိမ်သမုတ်တော်မူသည်။ 
၁၃၀၈-ခုနှစ်၊ အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့၊ ဟိန္ဒူယူနီဗာစီတီမှ (အာကျရယ) ခေါ် သက္ကတ၊ ဟိန္ဒီဘာသာ မဟာဝိဇ္ဇာဘွဲ့ ရရှိ တော်မူသည်။ ထိုသို့ပညာင်သင်ကြားနေစဉ် ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာသောကြောင့် ဆက်လက်၍ ပညာသင်ကြားရာ အိန္ဒိယ၌ ၆-နှစ်မျှ ကြာမြင့်ခဲ့သည်။ 
၁၃၀၈-ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီးအပြီး မြန်မာပြည်သို့ ပြန်လည်ကြွရောက်လာခဲ့ သည်။

ဗာရာဏသီဆရာတော်။ ။ ဒုတိယကမ္ဘာစစ်ပြီးသည့်နောက် မြန်မာပြည်သို့ ပြန်ေ၇ာက်သောအခါ ငယ်ဆရာရင်းဖြစ်သော စည်ရှင် ဆရာတော်ဘုရားမှ -ဗာရာဏသီ ဆရာတော်-ဟု မှည့်ခေါ်သည်မှစ၍ -ဗာရာဏသီ ဆရာတော်-ဟု ထင်ရှားလာသည်။ 
၁၃၁၁-ခုနှစ်၊ စည်ရှင်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူ၍ မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံ တိုက်သစ် ၌ ပြန်လည်သီတင်း သုံးတော်မူသည်။ 
၁၃၁၂-ခုနှစ်၊ ရွှေကျင်ဂိုဏ်းလုံးကျွတ်အစည်းအဝေးကြီး၌ ရွှေကျင်နိကာယ ဂိုဏ်းလုံးဝန်ဆောင်နာယက အကျိုးတော်ဆောင်အဖြစ် တာဝန်ယူတော်မူသည်။ 
၁၃၁၅-ခုနှစ်၊ သီဟိုလ်ကျွန်း၊ ကိုလ်လံဘိုလ်မြို့၊ မဟာဝိသုဒ္ဓါရာမမယ ကျောင်းတိုက်၌ စံကင်းဆရာတော် ဘုရားကြီး၏အမိန့်တော်ဖြင့် သီဟိုလ်ကျွန်း ရွှေကျင်နိကာယ မဟာနာယက ခန့်အပ်လွှာကို ခန့်အပ်တော်မူသည်။ 
၁၃၁၈-ခုနှစ်၊ ဆဋ္ဌသင်္ဂါယနာတင် ပါဠိပတိဝိသောဓကကိစ္စများနှင့် ပါဠိတက္ကသိုလ်ကိုယ်စားလှယ် ကိစ္စများကို ဆောင်ရွက်တော်မူခဲ့သည်။

၁၃၂၁-ခုနှစ်၊ သခင်မကြီးဒေါ်သိန်းတင်(၀ဏ္ဏကျော်ထင်၊ နိုင်ငံဂုဏ်ရည်-ဒုတိယဆင့်၊ လွှတ်တော်အမတ်(ပြည်)၊ မော်ကွန်းဝင်-ပထမ ဆင့်) ၏ ပင့်လျောက်ချက်အရ ပြည်မြို့၊ န၀င်းရပ်ရှိ မူလ ငါးမျက်နှာကျောင်းတိုက်ကို -၀ိသုဒ္ဓါရုံဗာရာဏသီတိုက်-ဟူသော အမည်ဖြင့် စာသင်တိုက်ဖွင့်၍ သာသနာပြု ကြွရောက်တော်မူခဲ့သည်။

၁၃၃၂-ခုနှစ်မှစတင်၍ ပြည်-သရက်-သာယာဝတီ-သုံးခရိုင်ဆိုင်ရာ ရွှေကျင်နိကာယ ၀ိနည်းစာတော်ပြန်ပွဲကြီးကို ဦးဆောင် ကျင်းပခဲ့ သည်။ 
၁၃၃၇-ခုနှစ်၊ ရွှေကျင်နိကာယ ဂိုဏ်းလုံးဝန်ဆောင်နာယက(မူလပထမ-ပဓာနအကျိုးတော်ဆောင်)အဖြစ်မှ အနားယူတော်မူ သည်။ ၁၃၃၇-ခုနှစ်တွင် ရွှေကျင်နိကာယ စာပေထိန်းသိမ်းရေးအဖွဲ့ဝင်ဖြစ်တော်မူသည်။

ရေးသားပြုစုခဲ့သောကျမ်းစာများ။ ။ ပါဠိရ၀ဒပ္ပဏကျမ်း၊ တေလကဋာဟနိဿယကျမ်း၊ ရွှေကျင်နိကာယမှတ်တမ်း (ပထမတွဲ၊ ဒုတိယတွဲ၊ တတိယတွဲ၊ စတုတ္ထတွဲ)၊ ၀ိသုဒ္ဓါရုံ-ပိဋကအဘိဓာန်ကျမ်းကြီး၏ ၀ိညာပနနိဒါန်း(ပါဠိဘာသာ)နှင့် ပိဋက- ပါဠိ မြန်မာအဘိဓာန်ကျမ်းကြီး၏ ဆိဒ္ဒ-သဒ္ဒါ စပ်ဆက်သော သက္ကတအဖွင့်ဆိုင်ရာများ စသည်တို့ကို ရေးသားပြုစုခဲ့သည်။

၁၃၄၂-ခုနှစ်တွင် တောင်ငူမြို့၊ ၀ိသုဒ္ဓါရုံမြို့ထောင့်ကျောင်းတိုက်၊ ရွှေကျင်နိကာယဂိုဏ်းလုံးကျွတ်အစည်းအဝေးကြီး၌ ရွှေ ကျင်နိကာ ယ ဥပဥက္ကဋ္ဌ(တွဲဘက်ရွှေကျင်သာသနာပိုင်)အဖြစ် တင်မြှောက်တော်မူခဲ့သည်။ 
၁၃၄၂-ခုနှစ်၊ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး (၆၆)ပါး၌ ရွှေကျင်ဂိုဏ်းမှ ကိုယ်စားလှယ်(၅)ပါးတွင် တစ်ပါးအပါ အ၀င်အဖြစ်လည်းကောင်း၊ ပထမအကြိမ်- နိုင်ငံတော် သံဃမဟာနာယက(ဒုတိယ ဥက္ကဋ္ဌ)အဖြစ်လည်းကောင်း ဆောင်ရွက်တော်မူပါသည်။ 
၁၃၄၂-ခုနှစ်၊ အဂ္ဂမဟာပဏ္ဍိတ-ဘွဲ့ ရရှိတော် မူသည်။
၁၃၄၃-ခု နှစ်တွင် ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ နီပေါ၊ သီရိလင်္ကာ၊ အိန္ဒိယ-၆-နိုင်ငံသို့ (၉၃) ရက်ကြာ သာသနာပြုခရီး ကြွ ရောက်ခဲ့သည်။

၁၃၄၅-ခုနှစ်၊ အောင်လံမြိုး၊ ဇာတိ-ဇိန့်ရွာ၌ ဗာရာဏသီဗိမာန်တော်ကို ဦးဆောင်၍ တည်ဆောက်လှုဒါန်းခဲ့သည်။ 
၁၃၄၇- ခုနှစ်၊ နိုင်ငံတော်သြ၀ါဒစရိယ-ဖြစ်တော်မူသည်။ 
၁၃၅၂-ခုနှစ်၊ အောင်လံမြို့၊ ဇာတိ-ဇိန့်ရွာ၌ ဒွေဘာတိက စေတီ(ညီနောင်စေတီ)ကို တည်ထားကိုးကွယ်ခဲ့သည်။ 
၁၃၅၂-ခုနှစ်တွင် အဘိဓဇမဟာရဋ္ဌဂုရု-ဘွဲ့တို့ကို နိုင်ငံတော်အစိုးရမှ ဆက်ကပ်ခဲ့သည်။

၁၃၅၅-ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁၃)ရက် (၁၀-၃-၉၄)ကြာသပတေးနေ့၊ နေ့မွန်း လွဲ (၂-၅၀) နာရီတွင် ရန်ကုန်မြို့၊ မင်္ဂလာဒုံ တပ်မတော်စစ်ဆေးရုံကြီး၌ ဘ၀နတ်ထံ ပျံလွန်တော်မူသည်။ 
၁၃၅၅-ခုနှစ်၊ တပေါင်းလဆန်း (၅)ရက်(၁၆-၃-၁၉၉၄) ဗုဒ္ဓဟူးနေ့၊ မွန်းလွှဲ (၁)နာရီတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ရှစ် မိုင်-မစိုးရိမ်ရွှေကျင်တိုက်သစ်၌ သာဓုကီဠနဈာပနသဘင် ကျင်းပ၍ ရန်ကုန်မြို့၊ ကြံတောသုဿန်တွင် အန္တိမအဂ္ဃိဈာပန သဘင် ကျင်းပတော်မူသည်။ 
၁၃၅၅-ခုနှစ်၊ တပေါင်းလဆန်း (၆)ရက်၊ (၁၇-၃-၁၉၉၄) ကြာသပတေးနေ့၊ နံ နက် (၉)နာရီတွင် ရန်ကုန်မြစ်အတွင်း ဥဒက ဈာပန အရိုးပြာများကို မျောခြင်းဖြင့် တစ်ဘ၀ခန္ဓာ ရုပ်သိမ်းတော်မူသည်။



ကိုးကားချက်။ ။ ပြည်မြို့၊ ၀ိသုဒ္ဓါရုံဗာရာဏသီတိုက်၊ ရွှေရတုမဂ္ဂဇင်းစာအုပ်မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment