Wednesday 9 November 2011

န၀မမြောက်- ရွှေကျင်သာသနာပိုင်

သက်တော်ရှည် စံကင်းဆရာတော်ကြီး 

ကျေးဇူးတော်ရှင် စံကင်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တ စန္ဒာဘိဝံသသည် စစ်ကိုင်းမြို့ လင်းယဉ်ရွာဇာ တိ ဖြစ်သည်။ ခမည်းတော်ဦးအိုင်၊ မယ်တော် ဒေါ် မင်းထပ်တို့ဖြစ်သည်။ ၁၂၃၂-ခုနှစ် နတ်တော်လ ဆုတ် ၆-ရက် အင်္ဂါနေ့ (၁၃-၁၂-၁၈၇၀) တွင် ဖွားမြင်တော်မူသည်။

၁၂၄၂-ခုနှစ်၌ ပထမအကြိမ် ရှင်သာမဏေပြု၍ ၁၂၄၈-ခုနှစ်တွင် ဒုတိယအကြိမ် ရှင်သာမဏေပြု သည်။


၁၂၅၁-ခုနှစ်တွင် ရဟန်းဖြစ်သည်။ ၁၂၆၄- ခုနှစ်၌ မန္တလေးမြို့ အနောက်ပြင် မဟာဝိသုဒ္ဓါရုံတိုက်တွင် စာချနာယက ဖြစ်တော်မူသည်။ ဆန္ဒောမဉ္ဇရီ၊ ဆပ္ပစ္စယဒီပနီ စသော ကျမ်းတို့ကို ရေးသားပြု စုတော်မူခဲ့သည်။ ကမ္မဋ္ဌာန်းတရားကိုလည်း ကောင်းစွာ အားထုတ်တော်မူခဲ့သည်။

၁၂၆၆-ခုနှစ်၌ ဓနုဖြူမြို့ အရှေ့ဘက်ကမ်း စံကင်းရွာဓမ္မာရုံကျောင်းတိုက်တွင် သီတင်းသုံးတော်မူသည်။ ထိုအချိန်မှစ၍ စံကင်းဆရာတော်ဟု အမည်တွင်သည်။ ၁၂၈၆-ခုနှစ်တွင် မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်၌ နာယကအဖြစ်ဖြင့် သီတင်းသုံးစဉ် ထိုနှစ်မှာပင် မန္တလေးမြို့ ပရိယတ္တိသာသနဟိတအသင်းကြီး၏ ဓမ္မာစရိယဘွဲ့တံဆိပ် ဆက်ကပ်ခြင်းကို ခံယူတော်မူသည်။ ၁၂၉၁-ခုနှစ်၌ မဟာဝိသုဒ္ဓါရုံ တိုက်ကြပ်ဆရာတော် ဖြစ်တော်မူသည်။ ၁၃၁၃-ခုနှစ်၌ ရွှေကျင်နိကာယ ဥက္ကဋ္ဌ သာသနာပိုင် ဖြစ်တော်မူ သည်။ ၁၃၁၅-ခုနှစ်တွင် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ကို ခံယူတော်မူခဲ့သည်။

ဆရာတော်ဘုရားကြီးသည် ၁၃၃၄-ခုနှစ် ပထမ၀ါဆိုလဆုတ် ၁၀-ရက် (၅-၇-၁၉၇၂) သက်တော် ၁၀၂-နှစ်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူသည်။

No comments:

Post a Comment