Thursday 24 November 2011

ပထမ-တိုက် ကြပ်ဆရာတော် ဘဒ္ဒန္တဇာနေယျ


မကွေးတိုင်း- အောင်လံမြို့နယ်၊ အလယ်ရွာကျောင်းဆရာတော် ဘဒ္ဒန္တဇာနေယျ ၏ ထေရုပ္ပတ္တိ

ဖွားမြင်တော်မူခြင်း။ ။ ဆရာတော်လောင်းလျာသည် မကွေးတိုင်း၊ အောင်လံမြို့နယ်၊ အလယ်ရွာ ခမည်တော် ဦးငွေမှုး+ မယ်တော် ဒေါ်သက်ယုံတို့မှ ၁၂၉၁-ခုနှစ်၊ တပို့တွဲလဆန်း (၁၅)ရက်၊ အင်္ဂါနေ့တွင် ဖွားမြင်တော်မူသည်။ ငယ်နာမည် မှာ မောင်စောဟန် ဖြစ်ပါသည်။

ရှင်-ရဟန်းအဖြစ်သို့ရောက်တော်မူခြင်း။ ။၁၃၀၈-ခုနှစ်တွင်၊ ထမကံကျောင်းဆ ရာတော်ကို ဥပဇ္ဈာယ်ပြု၍ ခမည်းတော်မယ်တော်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်အဖြစ်သို့ရောက်တော်မူသည်။

 

၁၃၀၉-ခုနှစ်တွင် တင်းကုတ်ရွာကျောင်းသို့ ပြောင်းရွှေ့၍ အခြေခံ ၀ိနည်း၊ သဒ္ဒါ၊ သဂြိုဟ်စသော ကျမ်းစာများကို သင်ကြားပါသည်။

၁၃၁၂-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၂)ရက်နေ့တွင် တင်းကုတ်ရွာကျောင်း ခဏ္ဍသိမ်၌ သီးကုန်း ဆရာတော် ဘဒ္ဒန္တအိန္ဒကကို ဥပဇ္ဈယ်ပြုကာ မောင်းမလှုပ်ရွာ ဦးစိန်ပန်း+ဒေါ်ပုတုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူလျှက် ရဟန်းအဖြစ်သို့ရောက်တော်မူသည်။

ကျေးဇူးရှင်ဆရာတော်များ။ ။၁၃၁၂-ခုနှစ်မှစကာ ပြင်ဦးလွင်မြို့၊ ၀ိသုဒ္ဓါရုံရွှေကျင်ကျောင်းတိုက် ဘဒ္ဒန္တ မဟောသဓပဏ္ဍိတာဘိဝံသ၊၊ မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ ဗာရာဏသီဆရာတော် ဘဒ္ဒန္တ အာနန္ဒပဏ္ဍိတာဘိဝံသ(တွဲဘက်ရွှေကျင်သာသနာပိုင်)၊ ပိုက်ကျုံးဆရာတော် ဘဒ္ဒန္တဇာနေယျာဗုဒ္ဓီ ဘိဝံသ (တွဲဘက်ရွှေကျင်သာသနာပိုင်)၊ အသောကာရုံဆရာတော် ဘဒ္ဒန္တသုဝဏ္ဏဇောတျာဘိဝံသ (တွဲဘက်ရွှေကျင် သာသနာပိုင်) စသောဆရာတော်များထံ ပညာသင်ယူခဲ့ပါသည်။

အောင်မြင်ခဲ့သောစာမေးပွဲများ။ ။ ပထမငယ်၊ ပထမလတ်၊ ပထမကြီး၊ ဓမ္မာစရိယ ကျမ်းစာများ ကို အောင်မြင်တော်မူခဲ့ပါသည်။

၁၃၂၄-ခုနှစ် ဗာရာဏသီဆရာတော်ဘုရားကြီးနှင့်အတူ ပြည်မြို့သို့ သာသနာပြုကြွရောက်တော်မူသည်။ ၁၃၂၉-ခုနှစ်၊ ၀ါဆိုလပြည့်နေတွင် ၀ိသုဒ္ဓါရုံဗာရာဏသီတိုက်၏ တိုက်ကြပ်ဆရာတော်ဖြစ်တော်မူသည်။

၁၃၃၂-ခုနှစ်မှ စတင်ကာ အောင်လံမြို့နယ်၊ အလယ်ရွာကျောင်း၊ ရေပြည့်ရွှေကျင်ကျောင်း၊ ဂိုဏ်းစု ရွာကျောင်းတို့၌ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်တော်မူလျှက် ယခုအခါ မကွေးတိုင်းဒေသကြီး ၊ အောင်လံမြို့နယ်၊ အလယ်ရွာကျောင်းတွင် သီးတင်းသုံးနေထိုင်လျှက် ရှိပါသည်။

No comments:

Post a Comment