Sunday 20 November 2011

စာချဘုန်းတော်ကြီး ဘဒ္ဓန္တဓမ္မရသ (အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ)



မိဘအမည်။ ဥုးချစ်ဦး+ဒေါ်ဖွားသစ်
မွေးသက္ကရာဇ်နှင့်ငယ်နာမည်။ ၁၂၈၃-ခု၊တော်သလင်းလပြည့်ကျော် ၁၅-ရက်၊ စနေနေ့
ဇာတိ။ မကွေးတိုင်း၊အောင်လံမြို့်၊ မြို့မရပ်
ကျောင်းသားဘ၀။ ၁၃၀၀-ခုနှစ် အောင်လံမြို့၊ရွှေယင်းမာကျောင်းမှ တိုင်းရင်းဘာ သာ ဒသမတန်းအောင်သည်။
ရွှေယင်းမာဘုန်းတော်ကြီးနှင့်ဦးလေးဖြစ်သူများ၏အကူအညီဖြင့် ကြည့်မြင်တိုင် ဦးညီဘုနောမံကျောင်းတွင် အထက်တန်းဆရာအဖြစ် တက်ရောက်သင်ကြား၍ ဒုတိယနှစ်တွင် ၁၉၃၉-ခုနှစ်တွင် ဆရာဖြစ်လက်မှတ် ရရှိသည်။

တတိယနှစ်တွင် ၁၉၄၀-၄၁-တွင် ပညာသင်နှစ်တွင် ဆရာတော် ဦးနန္ဒိယမှ ကျောင်းအပ်ပေးသဖြင့် သရက်မြို့ အစိုးရဟိုက်စကူးတွင် ဘော်ဒါတွင်နေ၍ ၁၀-တန်းကျောင်းသားဘ၀ဖြင့် ပညာသင်ကြားနေစဉ် ဘီအိုင်အေ ချီတက်လာသောကြောင့် ကျောင်းမရှိတော့ဘဲ ရပ်နားခဲ့ရသည်။

ရဟန်းခံမင်္ဂလာ။ ၁၃၀၆-ခု၊တန်ဆောင်မုန်းလဆန်း ၁၂-ရက်၊
ရဟန်းဥပဇ္ဈာယ်ဆရာ။ အောင်လံမြို့၊ ဆားတောင်ဆရာတော်
ရဟန်းဒါယကာ။ ဒေါ်မြကြီးနှင့်ဒေါ်အုန်းရှင်
ရဟန်းဖြစ်ရာသိမ်။ အောင်လံမြို့၊ ဆားကျောင်း၊ ခဏ္ဍသိမ်
အောင်မြင်ခဲ့သောစာမေးပွဲများ။ ဘီအေ (မြန်မာ)၊ သာသနဓဇသီရိပ၀ရဓမ္မာစရိယ၊ ၀ိနယပါဠိပါရဂူ၊ ၀ိသုဒ္ဓါရုံ ၀ံသပါလဓမ္မာစရိယ၊ဓမ္မာစရိယမကုဋ၀ိဘင်္ဂဓရ(မော်လမြိုင်)၊
ကျေးဇူးရှင်ဆရာတော်များ။ ။ ညောင်တုန်း၊ ရွှေဟင်္သာတောရစံကျောင်းဆရာတော်ကြီးများ၊ ဗောဓိဘုန်းကြီး ဦးကုဝေရ၊ မဟာဝိသုတာရာမ အလယ်တိုက်ဆရာတော်ကြီးများနှင့် မဟာဝိဇယာရာမ အရှေ့တိုက် ဆရာတော်ကြီးများ၊ ပြည်မြို့ ၊၀ိသုဒ္ဓါရုံဗာရာဏသီဆရာတော်ဘုရားကြီး ၊မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ ပိုက်ကျုံးဆရာတော်ဘုရားကြီး၊ အသောကာရုံဆရာတော်ဘုရားကြီး စသည်တို့ဖြစ်ပါသည်။

စာပေပို့ချမှု။ ၂၃-နှစ်သားအရွယ် ၁၃၀၆-ခုနှစ်တွင် ဇိန့်ကျောင်းတွင် ပထမ၀ါ၊ အောင်လံ- သာသနာပြုကျောင်းတွင် ဒုတိယ၀ါနှင့်တတိယ၀ါ၊ ညောင်တုန်းစတုတ္ထစံကျောင်းတွင် စတုတ္ထ၀ါ၊ ပခုက္ကူ အရှေ့တိုက်၊ မဟာဝိဇယာရာမနှင့်အလယ်တိုက် မဟာဝိသုတာရာမတိုက်တို့တွင် ပဉ္စမ၀ါနှင့်ဆဋ္ဌမ၀ါ၊ မန္တလေး၊ မဟာဝိသုဒ္ဓါ ရုံ- စည်ရှင်တွင် (၂၅)၀ါ ကပ်သည်။ ၁၃၃၀-ခုကာလမှစ၍ ၀ိသုဒ္ဓါရုံဗာရာဏသီတွင် ၀ါကပ်သည်။ ထိုအချိန်မှစ၍ စာပေများပို့ချခဲ့ရာ ယနေ့တိုင်ဖြစ်သည်။

၂၀၀၀-ခု၊(၁၃၆၁-ခု)။ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတဘွဲ့
သာသနာရေး။ (မှတ်ချက်။ ။ဘုန်းတော်ကြီးသည် မန္တလေးမြို့၊ ရွှေကျင်နှစ်တရာပြည့်ပွဲ၊ ဗာရာဏသီ ဆရာတော်ဘုရား၏ရာပြည့်ပွဲ၊ ညောင်းတုန်းရာပြည့်ပွဲ၊မန္တလေး- ၀ိသုဒါရုံရာပြည့်ပွဲ၊ ပခုက္ကူမဟာဝိသုတာရာမ တိုက် ရာပြည့်ပွဲတို့ သို့ ကြွရောက်တော်မူသည်။)
နိုင်ငံတော်ဝိနည်းဓိုရ်၊ သြ၀ါဒစရိယ၊ စသည်တို့ဖြစ်ပါသည်။
ယခုအခါ သက်တော်ရှည်ဘုန်းတော်ကြီးအဖြစ် တပည့်ဒကာဒကာမများ၏ကြည်ညိုမှုကို ခံယူလျက် ရှိပေ သည်။

No comments:

Post a Comment