Tuesday 22 November 2011

ဒုတိယမြောက် ပဓာနနာယကဆရာတော် ဘဒ္ဓန္တ၀ိစိတ္တစာရ (အဂ္ဂမဟာပဏ္ဍိတ) (၁၂၉၁ - ၁၃၆၁)

မိဘအမည်။ ဥုးစံညွန့်+ဒေါ်ဝဲကျော်
မွေးသက္ကရာဇ်နှင့်ငယ်နာမည်။ ၁၂၉၁-ခု၊နယုန်လပြည့်ကျော် ၇-ရက်၊ဗုဒ္ဓဟူးနေ့၊ နံနက် နေ့တက် ၁၀-နာရီ။ မောင်ချစ်သီး
မွေးချင်း။ ညီအကို ရ-ယောက်တွင် ပဉ္စမမြောက်သားရတနာ
ဇာတိ။ မကွေးတိုင်း၊အောင်လံမြို့နယ်၊ရွာသာကုန်းကျေးရွာ
ကျောင်းအပ်။ ရွှေပန်းတောကျေးရွာ၊ အရှေ့ကျောင်းဆရာတော်၊ ဦးလေး ဘုန်းတော်ကြီး အရှင်ကေလာသ


ရှင်ပြုမင်္ဂလာနှင့်ဘွဲ့အမည်။ ၁၃၀၅-ခု၊ နယုန်လဆန်း ရ-ရက်၊ ရှင်သုစိတ္တ
ရှင်ဒါယကာ။ ရှင်သုစိတ္တ၏ ခမည်းတော်နှင့်မယ်တော်
ရှင်ဥပဇ္ဈာယ်ဆရာ။ အရှင်ကေလာသ၊ အောင်လံမြို့နယ်၊ ရွှေပန်းတော အရှေ့ကျောင်း
ဘွဲ့အမည်ပြောင်းလဲခြင်း။ ဦးလေးဘုန်းတော်ကြီး အရှင်ကေလာသ ပျံလွန်တော်မူပြီးနောက် ဘထွေးတော် ဘုန်းတော်ကြီး အရှင်ပညာနန္ဒက ရှင်သုစိတ္တ မှ ရှင်ဝိစိတ္တသို့ ပြောင်းပေးသည်။
ရဟန်းခံမင်္ဂလာ။ ၁၃၁၁-ခု၊တန်ဆောင်မုန်းလဆန်း ၁၃-ရက်၊ဗုဒ္ဓဟူးနေ့
ရဟန်းဥပဇ္ဈာယ်ဆရာ။ ဘဒ္ဒန္တကောဏ္ဍည ၊ အောင်လံမြို့နယ်၊ အင်းလယ်ကျေးရွာ၊ ရွာဦးကျောင်း
ရဟန်းဒါယကာ။ ကိုသိန်းတင်+မမယ်ညန်၊ အောင်လံမြို့ ၊ ရွှေပန်းတောကျေးရွာ၊
ရဟန်းဖြစ်ရာသိမ်။ အောင်လံမြို့၊ ရွှေပန်းတောကျေးရွာ၊ အရှေ့ကျောင်း၏အရှေ့ဘက် ရေအိုင်ကြီးရှိရာ ဥဒကုက္ခေပသိမ်


ကျေးဇူးရှင်ဆရာတော်များ။ ။ အောင်လံမြို့၊ရွှေပန်းတောအရှေ့ကျောင်း၊ ဦးလေးတော် အရှင်ကေလာသ၊ ဘထွေးတော် အရှင်ပညာနန္ဒ၊ တောင်ငူမြို့ ၊လောကုတ္တရာသိမ်ဦးဆရာတော် ၀ိသာရဒပဏ္ဍိတ (အဂ္ဂမဟာပဏ္ဍိတ)၊ မေမြို့ဆရာတော်ဘုရားကြီး မဟောသဓပဏ္ဍိတာဘိဝံသ()ပြည်မြို့ ၊၀ိသုဒ္ဓါရုံဗာရာဏသီ ဆရာတော်ဘုရားကြီး ၊မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ ပိုက်ကျုံးဆရာတော်ဘုရားကြီး၊ အသောကာရုံ ဆရာတော်ဘုရားကြီး၊ ဓမ္မာဝုဓာဘိဝံသ၊ မဟာဝေယံဘုံသာဆရာတော် ကလျာဏာဘိဝံသ၊ မစိုးရိမ် ဆရာတော် ၀ိစိတ္တာဘိဝံသ၊ သံတော်ဆင့်ဆရာတော် ၀ါသ၀ါဘိဝံသ၊ ပဌာန်းသိပ္ပံချောင်ဆရာတော် စသည်တို့ဖြစ်ပါသည်။


၁၃၂၄-ခု ။ သာသနဓဇ သီရိပ၀ရအစိုးရဓမ္မာစရိယဘွဲ့
စာပေပို့ချမူ။ ။ ၂-၀ါအရ -အောင်လံမြို့၊မြ၀တီကျောင်း
၁၃၁၅-၁၃၁၆-ခု မေမြို့၊ ၀ိသုဒ္ဓါရုံရွှေကျင်ကျောင်း၊
၁၃၁၉-၁၃၂၀-ခု။ တောင်ငူမြို့၊ ၀ိသုဒ္ဓါရုံလောကုတ္တရာသိမ်ဦးကျောင်းနှင့် ၀ိသုဒ္ဓါရုံမြို့ထောင့်ကျောင်း၊ ရန်ကုန်မြို့၊ ဗဟန်း၊ မဟာဝိသုဒ္ဓါရုံရွှေကျင်ကျောင်းတိုက်၊ ပြည်မြို့၊ ၀ိသုဒ္ဓါရုံဗာရာဏသီတိုက်၊


၁၃၂၅-ခု တိုက်အုပ်အဖြစ် ခန့်အပ်ခြင်းခံရသည်။
၁၃၄၇-ခု။ နိုင်ငံတော်ဝိနည်းဓိုရ်
၁၃၄၈-ခု။နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်
၁၃၅၄-ခု၊ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတဘွဲ့
၁၃၅၅-ခု ။ ကျေးဇူးရှင်ဗာရာဏသီဆရာတော်ဘုရားကြီး ဘ၀နတ်ထံပျံလွန်တော်မူသဖြင့် ပြည်မြို့၊ ၀ိသုဒ္ဓါရုံ ဗာရာဏသီတိုက် ပဓာနနာယက ဖြစ်တော်မူသည်။
၁၃၅၉-ခုနှစ်၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့
သာသနာရေးဆောင်ရွက်ချက်။ ။ တိုင်းသံဃာ့ဝန်ဆောင်(ရွှေကျင်)၊ တိုင်းသံဃာ့နာယကအဖွဲ့ဝင်(ရွှေကျင်)၊ ဂိုဏ်းလုံးဝန်ဆောင်နာယက(ရွှေကျင်)၊ ပြည်-သရက်-သာယာဝတီ ရွှေကျင်နိကာယစာပြန်ပွဲ အကျိုးတော် ဆောင်၊ အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲ ၊ပရိယတ္တိဓမ္မာနုဂ္ဂဟ အသင်းကြီး၊ ရွှေ ဆံတော်စေတီတော်၊ ကင်းဘုရား၊ ဆယ်ထပ်ကြီးဘုရား၊ကြက်ခေါင်းစားစေတီတော်၊ ဆုတောင်းပြည့်စေ တီတော်၊ ကိုးသောင်းစေတီတော်၊ဖောင်တော်ဦးစေတီတော် ၊ရွှေပလ္လင်မှော်စေတီတော်၊ရွှေလက် လှစေတီတော်၊၀ါးရုံဘုရားနီစေတီတော် စသည်တို့၌ သြ၀ါဒစရိယအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

ကျမ်းပြုစုတော်မူခြင်း ။ ။ ယမကသင်္ခေပကျမ်း၊စာချတန်းဆိုင်ရာ ည၀ါနည်းသစ်ကျမ်း၊ ကျေးဇူးရှင်ဗာရာဏသီ ဆရာတော်ဘုရားကြီး၏ထေရုပ္ပတ္တိကျမ်း၊

၁၃၆၁-ခု။ ပြည်မြို့တွင် ပျံလွန်တော်မူသည်။ ၁၃၆၁-ပြည်မြို့၊ ကန်သာဦးသုဿန်၌အန္တိမဈာပန ကျင်းပတော်မူသည်။ ၁၃၆၁-ခုပြည်မြို့၊ ဧရာဝတီမြစ်အတွင်း အရိုးပြာများကို မျောခြင်းဖြင့် တစ်ဘ၀ဇာတ်ခန္ဓာ ရုပ်သိမ်းတော်မူသည်။

No comments:

Post a Comment