ဤတေလကဋာဟဂါထာများကို ခီဏာသ၀ရဟန္တာ ဖြစ်တော်မူသော ကလျာဏီယ မဟာထေရ်မြတ် ဟောကြားတော်မူခဲ့သည်ဟု အဆိုရှိလေသည်။ ယင်းဂါထာများ ကို ဟောကြားတော်မူခြင်း၏ အကြောင်းရင်းမှာ လံကာ(သီဟိုဠ်) ကျွန်း၌ ကလျာဏီ ယတိဿဘုရင် အုပ်စိုးစဉ်အခါ ထိုကလျာဏီယ မဟာထေရ်သည် မင်း ဆရာ ဖြစ်လေသည်။ ကလျာဏီယတိဿဘုရင်၏ညီတော် ဥတ္တိယမင်းသား သည် ထိုကလျာဏီယမဟာထေရ်ထံတော်မှာပင် အတတ်ပညာများကို သင်ယူခဲ့၍ လက်ရေးလက်သားများကို မထေရ်၏လက်ရေးနှင့် တစ်ထပ်တည်း တူအောင် ရေး သားနိုင်လေသည်။
Saturday, 10 December 2011
Monday, 28 November 2011
အရှင်ဂန္ဓသာရာဘိဝံသ
အရှင်ဂန္ဓသာရာဘိဝံသကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ စမုတ်ပရာ ကန်မြို့နယ်၊ ၃-ရပ်ကွက်၊ စုခုမ်ဝိတ်လမ်း၊ အိမ် အမှတ်-၉၃၊ ၂၀၇-နေ ခမည်တော် ဦးနိုင်ကုတ်ခွန်းစဲ့ဟိန်၊ မယ်တော် ဒေါ်မန်းဝမ်စဲ့သန်တို့မှ ၁၉၆၁-ခုနှစ်၊ ဧပြီလ ၂၄-ရက်၊ တနင်္လာနေ့၊ ည -၇-နာရီ၊ ၂၄-မိနစ် အချိန်တွင် ဖွါးမြင်တော်မူပါသည်။ မွေးချင်း ၆-ယောက်အနက် အငယ် ဆုံး သားမြတ်ရတနာ ဖြစ်ပါသည်။ ငယ်နာမည် မှာ မောင်စုန် လတ်စု စထာဖွန် ဖြစ်သည်။Sunday, 27 November 2011
အရှင်အဘယာလင်္ကာရ
အမေရိကန်နိုင်ငံ – မက်ဆာချူးဆက်ပြည်နယ်၊ ဘော်စတွန်မြို့
မပာာသတိပဋ္ဌာန်ရိပ်သာကျောင်းသစ်
နာယကဆရာတော် အရှင်အဘယာလင်္ကာရ၏
ဘ၀ဖြစ်စဉ် ပုံရိပ်သွင်
အရှင်အဘယာလင်္ကာရ
မိဘနှင့် မွေးဖွားရာဌာန
ဆရာတော်သည် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ရွှေတော်မြို့နယ်၊ မန်ကျဉ်းပေါင်ကုန်းရွာ၊ ဦးမောင်ရွှေ၊ ဒေါ်သိန်းပာန်တို့မှ ၁၃၀၇ ခုနှစ်၊ ၀ါခေါင်လဆန်း ၁၁ ရက် (သြဂုတ်လ ၁၉ ရက်၊ ၁၉၄၅) တနင်္ဂနွေနေ့ နံနက် ၄း၃၀ နာရီတွင် ဖွားမြင်၏။Saturday, 26 November 2011
တိုက်အုပ်ဆရာတော် ဘဒ္ဓန္တ နန္ဒောဘာသာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ) (၁၃၀၈ - ၁၃၇၂)
ပရိယတ္တိသာသနဟိတဓမ္မာစရိယ၊ စေတီယင်္ဂဏပရိယတ္တိဓမ္မာစရိယဂဏ၀ါစက၊
သာသနဓဇဓမ္မာစရိယ၊ (သ-စ-အ- ဓမ္မာစရိယ)၊ အဂ္ဂမဟာပဏ္ဍိတ
မိဘအမည်။ ဥုးမောင်ဟန်+ဒေါ် ကွန်းနု
မွေးသက္ကရာဇ်နှင့်ငယ်နာမည်။ ၁၃၀၈-ခု၊တန်ဆောင်မုန်းလပြည့်ကျော် (၁)ရက်၊ စနေနေ့၊ နံနက် ၉-နာရီ။
မွေးချင်း။ ညီအကိုမောင်နှမ (၆) ယောက်တို့တွင် တတိယမြောက် သားရတနာ
ငယ်နာမည်။ ။ မောင်တင်ထွန်း
ဇာတိ။ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဆင်ကျွန်းကျေးရွာ
ကျောင်းအပ်။ ၁၃၁၄-ခုနှစ်- ရွာဦးကျောင်းဆရာတော် ဘဒ္ဒန္တကုဏ္ဍလာဘိဝံသ၊
အစိုးရမူလတန်းကျောင်းတွင် ၄-တန်းအောင်မြင်သည့်အထိ သင်ယူခဲ့ပါသည်။
ရှင်ပြုမင်္ဂလာနှင့်ဘွဲ့အမည်။ ၁၃၁၉-ခု၊ ဘဒ္ဒန္တ္ကကုဏ္ဍလာဘိဝံသကို ဥပဇ္ဈယ်ပြု၍ မိဘနှစ်ပါး၏ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိသည်။
Friday, 25 November 2011
Thursday, 24 November 2011
ပထမ-တိုက် ကြပ်ဆရာတော် ဘဒ္ဒန္တဇာနေယျ
မကွေးတိုင်း- အောင်လံမြို့နယ်၊ အလယ်ရွာကျောင်းဆရာတော် ဘဒ္ဒန္တဇာနေယျ ၏ ထေရုပ္ပတ္တိ
ဖွားမြင်တော်မူခြင်း။ ။ ဆရာတော်လောင်းလျာသည် မကွေးတိုင်း၊ အောင်လံမြို့နယ်၊ အလယ်ရွာ ခမည်တော် ဦးငွေမှုး+ မယ်တော် ဒေါ်သက်ယုံတို့မှ ၁၂၉၁-ခုနှစ်၊ တပို့တွဲလဆန်း (၁၅)ရက်၊ အင်္ဂါနေ့တွင် ဖွားမြင်တော်မူသည်။ ငယ်နာမည် မှာ မောင်စောဟန် ဖြစ်ပါသည်။
ရှင်-ရဟန်းအဖြစ်သို့ရောက်တော်မူခြင်း။ ။၁၃၀၈-ခုနှစ်တွင်၊ ထမကံကျောင်းဆ ရာတော်ကို ဥပဇ္ဈာယ်ပြု၍ ခမည်းတော်မယ်တော်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်အဖြစ်သို့ရောက်တော်မူသည်။
Subscribe to:
Posts (Atom)





