Wednesday 14 December 2011

ဝိသုဒ္ဓါရုံဗာရာဏသီတိုက်၏ နောက်ခံအကြမ်းထည် ရုပ်ပုံလွှာများနှင့် ယခုမျက်မှောက် မြင်ကွင်းများ



ဤကဏ္ဍနှင့်စပ်ဆက်၍ နောက်ခံအကြမ်းထည်ရုပ်ပုံလွှာနှင့် ယခုမျက်မှောက်မြင်ကွင်းများ-ဟု နှစ်ပိုင်းခွဲ၍ တင်ပြလိုသည်။ ပထမတစ်ပိုင်းသည် ၀ိ-ဗာ တိုက်မတည်ခင် အနေအထားများဖြစ်ပြီး ဒုတိယအပိုင်းသည် ၀ိ-ဗာ တိုက်တည်ပြီးနောက် ယ နေ့တိုင် တိုးတက်လာသော အခြေအနေတို့ကို ရည်ရွယ်ပါသည်။

ပထမပိုင်းကို လေ့လာခြင်း။ ။ဤပထမပိုင်းတွင် ၀ိ-ဗာ တိုက်မတည်ခင်တွင် မူလအစ ရှိခဲ့ပြီးသော ကျောင်းအဆောက်အဦး များကို အောက်ပါအတိုင်း တွေ့ရှိရမည် ဖြစ်ပေသည်။

(၁) ကျောင်း၏အလယ်တွင် ခန့်ငြားစွာ ဆောက်လုပ်လှုဒါန်းထားသော ရှေးတစ်သိန်းတန် ၂-ထပ်တိုက်ကြီး(၁၃၁၉-ခုနှစ်၊ သီတင်းကျွတ်လ၊ သခင်သင်+သခင်မဒေါ်သိန်းတင်နှင့် ဆေးလိပ်ရုံတပည့်များ ကောင်းမှု)ဟု ကမ္ဗည်းထိုးထားလေသည်။ (ယင်းအလယ်သိမ်တိုက်ကြီးအား ၁၃၃၅-ခုနှစ်၊ တပို့တွဲလလဆန်း(၁၅)ရက်နေ့တွင် မြောင်းမြဆရာတော်ဘုရားကြီး ဦး ဆောင်၍ သိမ်သမုတ်တော်မူသည်။)
(၂) ယင်းအလယ်တိုက်ကြီး၏မြောက်ဘက်တွင် ၅-ပင်ပတ်လည် ၂-ထပ်သစ်သားကျောင်းကြီး ရှိလေသည်။ ထိုကျောင်း၏ အောက်ထပ်တွင် ဆွမ်းစား၍ အပေါ်ထပ်၌ ခန်းစည်းဖြင့် စာချ-၂-ပါး သီတင်းသုံးလေသည်။ ခန်းမကြီးမှာမူ စာချ၊ စာတက်၊ စာအံ၊ စာသင်မှုများ ပြုလုပ်ကြသည်။


(၃) ယင်းအလယ်တိုက်ကြီး၏တောင်ဘက်တွင် ၄-ပင်-၅-ပင် ၂-ထပ် -မနောရမ္မ-သစ်သားကျောင်းကြီး ရှိသည်။ ထိုကျောင်း ကြီးတွင် ထက်အောက်စာသင်သား သံဃာများ ထားလျက်၊ ယင်ကျောင်းတောင်ဘက် အင်္ဂါဒေါင့်တွင်ကား ၃-ခန်းတွဲ သစ် သားကုဋီ ရှိလေသည်။


(၄) ယင်းအလယ်တိုက်ကြီး၏ ရာဟုဒေါင့်တွင် ရှေးနှစ်ပေါင်း ၆၂-နှစ်ကြာက ဆောက်လုပ်လှုဒါန်းထားသော ၁၈-ပေ ပတ် လည် ၂-ထပ်အုတ်တိုက်ကလေး(သစ်သားသံဇကာတပ် ၀ရံတာနှင့် လှေခါးဆောင်ပါ ၂၄-ပေ ခန့်မျှရှိ တိုက်ကျောင်းက လေး) တစ်လုံးရှိသည်။


(၅) ယင်းအလယ်တိုက်ကြီး၏အင်္ဂါဒေါင့်တွင် တစ်ထပ်သိမ်တိုက်ကလေး တစ်လုံး ရှိလေသည်။ ထိုတိုက်ကလေးအား တိုက် အမကြီးနှင့်တပည့်များက ပြုပြင်လှုဒါန်းခဲ့ပြီး ယခုတိုင် ရှိနေဆဲဖြစ်သည်။


(၆) ယင်းအလယ်တိုက်ကြီ၏စနေဒေါင့်တွင် ရေတွင်းတစ်တွင်း၊မြောက်ဘက်တွင် ရေတွင်းတစ်တွင်း ၊ အင်္ဂါဒေါင့်တွင် ရေ တွင်တစ်တွင်းနှင့် အနောက်ဘက်တွင် ငါးမျက်နှာစေတီတော်မြတ်ကြီးနှင့် နောင်တော်ကြီးစေတီငယ်တစ်ဆူ ရှိလေသည်။


(၇) ယခု ဗကုလကျောင်းတိုက်၏လှေကားရင်းတွင် ညဏ်တော် (၇)ပေခန့်ရှိ အုတ်သရိုးရုပ်ပွါးတော်တစ်ဆူရှိပြီး ယခုဓမ္မာရုံ ကြီး အနောက်ဘက်တွင် စေတီတော်တစ်ဆူရှိရာ ထိုစေတီတော် ပြိုပျက်ပြီးနောက် ဘုရားငုတ်တိုမျှ ရှိသည်တွင် ၁၃၄၉-ခုနှစ်တွင် ပြန်လည်ပြုပြင်ပြီး ဖြစ်၍ ဆုတောင်းပြည့်စေတီတော်ဟု သမုတ်ထားလေသည်။


(၈) ငါးမျက်နှာစေတီတော်မြတ်ကြီးအနီး နောင်တော်ကြီးစေတီတော် ပြိုပျက်သွားသဖြင့် ထိုပြိုပျက်စေတီတော်၏ အောက် ပစ္စယံကို မွမ်းမံပြင်ဆင်ကာ ပလ္လင်တော်ပုံပြုလုပ်၍ လှေကားရင်းမှ အုတ်သရိုးကိုင်ထားသည်။ ထို့နောက် (၇)ပေခန့် ရုပ်ပွါး တော်မြတ်ကို ၁၃၂၃-ခု ၊နတ်တော်လဆုတ် ၉-ရက်၊ တနင်္ဂနွေနေ့ ၊နံနက် ၉-နာရီ-၄၅-မီနစ်အချိန်တွင် မန္တလေးမြို့၊ ပန်းရံဆ ရာကြီး ဦးအောင်ရနှင့်တပည့်များက သံလမ်းစက်ကိရိယာ ကြိုးများဖြင့် နောင်တော်ကြီးစေတီငုတ်ပလ္လင်ပေါ်သို့ ဆွဲငင်ပင့် ဆောင်ကြသည်။ နံနက် ၁၁-နာရီအချိန်တွင် သီးတင်းသုံးရာဌာနမှ ၅-တောင်မျှ ကြွတော်မူပြီး ညနေ ၃-နာရီခွဲအချိန်တွင် စေတီငုတ်တော်ပလ္လင်ပေါ်သို့ ကြွချီရောက်ရှိလေသည်။ ယခုအခါ သီးသန့် ဂန္ဓကုဋီတိုက်ဖြင့် -တိုက်အမကြီး ဒေါ်သိန်းတင် ကုသိုလ်-ဟု တည်ရှိလျက် ရှိပေသည်။


(၉) သာသနာတော်နှစ် ၄၃၃-ခုနှစ်မှ ၄၈၄-ခုနှစ်အတွင်းက ကြက်ခေါင်းစား ငါ့တပါးဘုရင်မင်းမြတ် တည်ထားပူဇော်အပ် သော ၀ိ-ဗာ -တိုက်တွင်းရှိ ငါးမျက်နှာစေတီတော်မြတ်ကြီးအား ၁၃၃၃-ခု၊ တပေါင်းလတွင် ထီးတော်၌ ရွှေသင်္ကန်းနှင့် လုံး ပတ်တော်၌ မှန်သင်္ကန်းကို ကပ်လှု၍လည်းကောင်း၊ ၁၃၃၄-ခု၊ တပေါင်းလတွင်ပင် အောက်ပစ္စယံ၌ မှန်သင်္ကန်းကို ကပ် လှု၍လည်းကောင်း ကုသိုလ်ပြုလုပ်ခဲ့သည်။

(၁၃၆၂-ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့တွင် နှစ်ဘက်မိဘများ ဖြစ်ကြသော ပြည်မြို့-ဦးတင်ငွေ+ဒေါ်လှသွင် (ဘယဆေးနှင့် မြန်မာဆေးမျိုးစုံ ရောင်ဝယ်ရေး) နှင့် ရန်ကုန်မြို့- ဦးမောင် မောင်ခိုင်(ပါမောက္ခ -ငြိမ်း)+ ဒေါ်နှင်းနှင်းကြိုင်တို့အား အမှုးထား၍ ဦးမျိုးခင်+ဒေါ်သူဇာမင်း ၊ သားကြီး -မောင်အောင် ကျော်ခိုင်၊ သားငယ်-မောင်မျိုးကျော်ခိုင် (ခိုင်ဆုသူ ကုမ္ပဏီနှင့် ရွှေမိုးဦး -စိန်ရွှေရတနာ)မိသားစုတို့ကထပ်မံ၍ ပြုပြင်လှုဒါန်း ခဲ့သည်။)
ဤကဏ္ဍတွင် ကျောင်းလွှတ်ပူဇော်ပွဲ ကျင်းပသည့်တိုင် ဖြစ်သည်။ထိုကျောင်းလွှတ်ပူဇော်ပွဲကို ၁၃၂၁-ခုနှစ်၊ နတ္တော်လပြည့် နေ့တွင် ခန်းနားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။


ဒုတိယပိုင်းကို လေ့လာခြင်း။ ။ဤဒုတိယပိုင်း၌ ယခုအခါတွင် ယခင်နှင့်မတူတော့ဘဲ လုံးဝပြောင်းလဲလာခဲ့သော အနေအထား တင်ပြထားသည်။


(၁) အလယ်သိမ်တိုက်ကြီး၏ တနင်္ဂနွေဒေါင့်တွင် သံဃာတော်များ ရေချိုးရန် အုဌ်ကံကြီးနှင့် စာချဘုန်းကြီးများ ရေချိုးရန် သီးသန့်ခန်း၊ အ၀ီစိတွင်းနှင့် ရေမှုတ်စက်တွဲလျက် ရေတိုင်ကီစင်မြင့်ကြီး ရှိလေသည်။ ၁၃၂၂-ခု တန်ဆောင်မုန်းလ -တိုက် အမ-သခင်မကြီး ဒေါ်သိန်းတင်နှင့် တပည့်များကုသိုလ်-ဟု ကမ္ဗည်းထိုးလျက် ရှိသည်။


(၂) ၁၃၂၅-ခုနှစ်တွင် အလယ်သိမ်တိုက်ကြီး၏ အရှေ့ဘက်တွင် ရေချိုးခန်း၊ ရေလောင်ကုဋီ၊ လသာခန်း၊ ၀ရတာသံပန်းများ နှင့် သီးသန့်ကျိန်းစက်ခန်းပါ စုံလင်စွာဖြင့် တိုက်အမကြီး ဒေါ်သိန်းတင်နှင့်တပည့်များ၊ တောင်ကြီးမြို့၊ ကုန်သည်သူဌေး-ဆ ရာခွေး၊ မြင်းခြံမြို့၊ ကုန်သည်စက်ပိုင် ကျောင်းအမ ရဟန်းမယ်တော် ဒေါ်ဒေါ်သိန်းတို့က- ဆောက်လုပ်လှုဒါန်းသော ‘သီရိ ထေရ ဗိမာန’ သုံးထပ်ကျောင်းဆောင်ကြီး ရှိလေသည်။
ကျေးဇူးတော်ရှင် ဗာရာဏသီဆရာတော်ဘုရားကြီးသည် ပထမသီတင်းသုံးတော်မူရာ တစ်သိန်းတန် အလယ်သိမ်တိုက် ကြီးမှ ၁၃၂၅-ခုနှစ်၊ ၀ါဆိုလဆုတ် (၁၄)ရက်နေ့တွင် ထိုသုံးထပ်တိုက်ကြီး (သီရိထေရဗိမာန)၏ အလယ်ထပ်သို့ ရွှေ့ပြောင်း သီတင်းသုံးတော်မူပါသည်။ အထက်အပေါ်ထက်တွင် အာဂန္တုကမထေရ်ကြီးများ ကြွလာသည့်အခါ သီတင်းသုံးရန်နှင့် ပိဋကတ်စာတိုက်ဘီရိုကြီးများထားရှိကာ စာချဘုန်းတော်ကြီး ဘဒ္ဒန္တဓမ္မရသ(ဓမ္မာစရိယ၊ ပါဠိပါရဂူ၊ ဘီအေ)တစ်ပါးတည်း ယနေ့တိုင် သီးတင်းသုံးစာချလျှက် ရှိလေသည်။ အောက်ဆုံးထပ်မှာကား စာသင်သားသံဃာတော်များ ထားရှိလေသည်။


(၃) ယင်းသုံးထပ်တိုက်ကြီး(သီရိထေရဗိမာန)တောင်ဘက်ကပ်လျက်တွင် တရားနာပရိသတ် (၁၀၀၀)ခန့်ဆံ့သော အလျား ပေ (၁၂၀)၊အနံ(၄၈)ပေရှိ ထက်အောက် ဘုရားခန်းကျောင်းဆောင်နှင့် ကျက်သရေခန်း၊ ထက်အောက်မျက်နှာသစ် ကြွေ ခွက်များ တပ်ဆင်ထားသော ရေချိုးခန်းနှင့် ကုဋီခန်းများဖြင့် ကြီးကျယ်ခန်းနား၍ ရှုမြင်ရသူများ အံ့အားသင့်လောက်မျှ (၁၈) သိန်းကျော်တန် (၂)ထပ်တိုက် ဓမ္မာရုံတော်ကြီးကိုလည်း တိုက်အမကြီး ဒေါ်သိန်းတင်နှင့် တပည့်များက လှုဒါန်းထား လေသည်။ ဓမ္မာရုံကြီးကမ္ဗည်းမှာ ‘‘မနောရဉ္ဖိတ ဓမ္မသာလာ’’ ဟု ဖြစ်ပေသည်။ ထိုဓမ္မာရုံကြီးအတွင်း ရွှေရောင်တ၀င်းဝင်း နှင့် တစ်သောင်းသုံးထောင်(၁၃၀၀၀)ကျပ်တန် သီဟာသနရွှေပလ္လင်တော်ကြီးမှာ တိုက်အမကြီး ဒေါ်သိန်းတင်၏တူအရင်း မန်နေဂျာ- ဦးတင်ညွန့်+ဒေါ်နီနီဦး၊ ညီမ ဒေါ်ခင်အေးတို့၏ ကောင်းမှု ဖြစ်ပေသည်။


(၄) ယင်းဓမ္မာရုံကြီးတောင်ဘက်ကပ်လျက် အမှတ် (၂)တွင် ပြခဲ့သော ၅-ပင်ပတ်လည်နှစ်ထပ်သစ်သား ပျဉ်ထောင်ပျဉ်စီ ဆွမ်းစားကျောင်းကြီးကို ကာလတန်ဖိုး (၁)သောင်းကျော် ကုန်ကျခံကာ မူမပျက် ရွှေ့ပြောင်းခဲ့သည်။ ၁၃၂၇-ခုနှစ်တွင် ပြင် ဆင်မွမ်းမံ၍ သစ်လွင်စေကာ တိုက်အမကြီးဒေါ်သိန်းတင်နှင့်တပည့်များကပင် လှုဒါန်းကာ ပထမမူလရှိ ပုံစံအတိုင်း ရွှေ့ ပြောင်းလှုဒါန်းသောကျောင်းဖြစ်၍ ‘မူလကျောင်း’-ဟု ဆရာတော်ဘုရားကိုယ်တိုင် အမည်ပေးထားလေသည်။( ယခု ဤရွှေ ရတုနှစ်တွင် အားလုံးကို ဖြိုဖျက်ပြီး အသစ်တည်ဆောက်ရန် မ-တည်ငွေ လှုဒါန်းထားပြီး ဖြစ်သည်။)


(၅)ယင်းမူလကျောင်းကြီး၏အနောက်ဘက်တွင် ကပ်လျက် တိုက်အမကြီးဒေါ်သိန်းတင်နှင့်တပည့်များသည် ၁၃၂၅-ခုနှစ်၊ သီတင်းကျွတ်လတွင် (၄)ပင်၊(၅)ပင် (၂)ထပ်ပတ်ကား တိုက်ကျောင်းကိုလည်း ဆောက်လုပ်လှုဒါန်းသည်။ ဆရာတော် ဘု ရားကြီးက ‘ဓမ္မာစရိယ’ကျောင်းဟု အမည်ပေးထားလေသည်။


(၆) ယင်း(၂)ထပ်ပတ်ကားတိုက် ဓမ္မာစရိယကျောင်းအနောက်ဘက်တွင် အားလုံးသောသံဃာများ အသုံးပြုရန် ကြွေအိုး တပ်၊ ကြွေပြားခင်း၊ ရေစက်တိုင်များနှင့်တကွ မီးပွင့်များတပ်ဆင်လျက် (၆)လုံးတွဲ သံဃာကုဋီတိုက်ကိုလည်း ၁၃၂၈-ခုနှစ်၊ နယုန်လဆုတ်(၉)ရက်အပြီး တိုက်အမကြီးဒေါ်သိန်းတင်နှင့်တပည့်များက ဆောက်လုပ်လှုဒါန်းလေသည်။(ယခုအခါ သံ ဃာတော်များ များပြားလာသည့်အလျောက် ဓမ္မာရုံကြီး၏တောင်ဘက် ဓမ္မာစရိယကျောင်းဆောင်၏ခေါင်းရင်းဘက်တွင် (၄)လုံးတွဲ သံဃာကုဋီကိုလည်း ဆောက်လုပ်ခဲ့ပြီး ဖြစ်သည်။)


(၇) ယင်း (၆)လုံးတွဲ သံဃာကုဋီမှ (၁)သိန်းတန် အလယ်သိမ်တိုက်ကြီးအထိ (၃၀၀၀)ကျော်တန် အုတ်လမ်းကြီးကား ကျေးဇူး တော်ရှင်ဆရာတော်ဘုရားကြီး၏ ကိုယ်ပိုင်ငွေကြေးဖြင့် ခင်းကျင်းလှုဒါန်းထားခြင်း ဖြစ်လေသည်။


(၈) အလယ်ထပ်ကြီးတောင်ဘက် အမှတ်(၃)တွင် ပြခဲ့သော (၄)ပင်၊ (၅)ပင် ၊(၂)ထပ် ပျဉ်ထောင်ပျဉ်စီ သစ်သားကျောင်း ကြီးသည် ဆွေးမြေ့ယို့ယွင်း အိုမင်းဟောင်းနွမ်းနေသဖြင့် အားလုံးကို ဖျက်ဆီးခဲ့သည်။ထို့နောက် တိုက်အမကြီး ဒေါ်သိန်း တင်နှင့်တပည့်များ ၊ တောင်ကြီးမြို့၊ ကုန်သည်သူဌေး ဆရာခွေး၊ မြင်းခြံမြို့၊ ကုန်သည်စက်ပိုင်၊ ကျောင်းအမ၊ ရဟန်းမယ် တော် ဒေါ်ဒေါ်သိန်းတို့က ထက်အောက်စာချဘုန်းကြီး အခန်းများနှင့် ရေလောင်းကုဋီများ၊ အောက်ထပ်တွင် အခန်းအသီး သီးဖြင့် ၂-ထပ်တိုက်ကျောင်းကို ၁၃၃၃-ခုနှစ်၊ နတ်တော်လအပြီး ဆောက်လုပ်လှုဒါန်းခဲ့သည်။ ဆရာတော်ဘုရားကြီးကိုယ် တိုင် တိုက်၏အနီး ခရေပင်ကြီးကို အစွဲပြု၍ မဟာဗကုလ-တိုက်ဟု ကင်ပွန်းတပ် အမည်ပေးလေသည်။


(၉) ရှေးတစ်သိန်းတန်း ၂-ထပ် အုဌ်တိုက်ကြီး၏ရာဟုဒေါင့်ရှိ မှတ်ချက် ၄-တွင်ပြခဲ့သော အမှတ် ၄-တိုက်ကျောင်းကလေး ကို ခရစ်နှစ် ၁၉၁၀-ခုနှစ်တွင် တည်ဆောက်ခဲ့သဖြင့် ၁၉၇၂-ခုနှစ်(ကောဇာ ၁၃၄၃-ခုနှစ်၊ နယုန်လဆုတ် ၁၂-ရက်)တွင် တိုက်သက် (၆၂)နှစ် ကြာညောင်းခဲ့ပြီ ဖြစ်သည်။ ဟောင်းနွမ်းပြိုပျက် အက်ကွဲနေပြီဖြစ်သော ထိုကျောင်းကလေးကို အား လုံးဖြိုဖျက်ခဲ့သည်။ ထို့နောက် တိုက်အမကြီး ဒေါ်သိန်းတင်၏ တူမအရင်း ကောမာရဗြဟ္မစာရီနီ-ဒေါ်ဒေါ်မာ၏ကုသိုလ်ဖြင့် ၁၃၃၄-ခုနှစ်၊ နတ်တော်လအပြီး ရှစ်သောင်း(၈၀၀၀၀)ကျော် တန် ထက်အောက်ကျက်သရေခန်း၊ လသာခန်း၊ အိပ်ခန်း၊ ရေချိုးခန်း၊ ရေလောင်းကုဋီ အပြည့်အစုံ ခေတ်နှင့်အညီ နှစ်ထပ်တိုက် ဆောက်လုပ်လှုဒါန်းလေသည်။ မဟာထေရ်ကိုယ် တိုင် ကောမာရဗြဟ္မစာရီနီ ဒေါ်အမာကုသိုလ်-ဟု အမည်ပေး၍ ယခုတိုင် ကမ္ဗည်းထိုးလျက် ရှိလေသည်။


(၁၀)အလယ်သိမ်အုဌ်တိုက်ကြီး၏မြောက်ဘက် အမှတ်(၂)တွင် ပြခဲ့သော (၅)ပင်ပတ်လည် (၂)ထပ်သစ်သား ကျောင်းကြီး ကို အလယ်တိုက်ကြီးမြောက်ဘက်သို့ မူမပျက်ဘဲ ရွှေ့ပြောင်းလျက် ယင်းကွက်လပ်တွင် ထက်အောက်၌ သံဃာ (၅၀၀)ခန့် ဆွမ်းကပ်နိုင်သော ကျက်သရေခန်း၊ စင်္ကြန်ခန်း၊ မီးဖိုခန်း၊ ပန်ကန်းဆေးခန်း၊ ရေစက်တိုင်၊ ရေချိုးခန်း၊ရေလောင်း ကုဋီနှင့် အိပ်စက်ခန်းများတွဲလျက် ကြီးကျယ်ထည်ဝါ ခန်းနားသပ်ယပ်စွာ နှစ်ထပ်ဆွမ်းစားတိုက်ကြီးကို တည်ဆောက်ခဲ့သည်။ ထို တိုက်ကြီးအား တိုက်အမ ဒေါ်သိန်း တင်နှင့်တပည့်များ၊ တောင်ကြီးမြို့ ကုန်သည်သူဌေး ဆရာခွေး၊ မြင်းခြံမြို့ ၊ ကုန်သည် စက်ပိုင် ကျောင်းအမ ရဟန်းမယ်တော် ဒေါ်ဒေါ်သိန်းတို့က လူနတ်နိဗ္ဗာန် သုံးတန်မျော်မှန်း၍ လှုဒါန်းခဲ့ပါသည်။ မဟာ ဘောဇနသာလာ ၁၃၃၀-ခု၊ တန်ဆောင်မုန်းလ-ဟု ကမ္ဗည်းထိုးလျက် ရှိပေပြီ။ 

(၁၃၆၈-ခုနှစ်၊ ပြာသိုလ်လပြည့်ကျော် ၇-ရက်နေ့တွင် အလှုရှင် ဦးအောင်ကြည်+ ဒေါ် စောလှမြင့်၊(မျိုးအောင်ဘိနပ်တိုက်) လမ်းမတော်၊ ပြည်မြို့-တို့က တိုးချဲဆွမ်း စားဆောင်ကို လှုဒါန်းခဲ့သည်။ ထို့အပြင် ၁၃၆၈-ခု၊ ကဆုန်လတွင် ဦးကြည်အားရည်စူး၍ ဒေါ်ခင်စန်းဝင်း၊သား-ဦးမိုးဇင်+ ဒေါ်တင်မာကြူ၊ မြေး-ဒေါက်တာ မြင့်သိန်းနိုင်၊ ညီမ-မဇင်မိုးကျော် (ပစ်တိုင်ထောင်ဆေးလိပ်ရုံ)ပြည်မြို့-တို့က လှေကား ဆောင်ကို ပြန်လည်ပြုပြင်ပြီး စတီးသောက်ရေကန်များကိုလည်း လှုဒါန်းခဲ့သည်။ မိခင်ဒေါ်အုန်းမေအား အမှုးထားပြီး ဦး အောင်ခင်(ခရိုင်အုပ်ချုပ်ရေးမှုး)+ ဒေါ်ဝင်းဝင်းခိုင် (အ-ထ-က-၃-ပြည်)၊ သား-ကိုငြိမ်းဝင်းအောင်+မချိုသက်မွန်၊ သမီး-မနှင်းပွင့်ခိုင်-မိသားစုတို့မှ ဆွမ်းစားကျောင်းဆောင်အနီးတွင် အ၀ီစိတွင်း၊ ရေစုပ်စက်၊ ရေကန်တို့ကို လှုဒါန်းခဲ့သည်။ ဆွမ်း ချက်ဆောင်ကိုးကား ပြည်မြို့၊ ဆင်ဖြူတော်ပွဲရုံ၊ ဦး--------------------+ဒေါ်--------------------မိသားစုတို့မှ လှုဒါန်းထား ပါသည်။


(၁၁) ယင်း(၂)ထပ် အုဌ်တိုက် မဟာဘောဇနသာလာဆွမ်းစားကျောင်းကြီး၏အနီး အနောက်မြောက်ဘက်တွင် တိုက်အမ ကြီး ဒေါ်သိန်းတင်နှင့်တပည့်များက -ရေချိုးခန်း၊ ရေလောင်းကုဋီ(အိမ်သာ)တွဲလျက် ၀ရံတာလသာခန်းဖြင့်(၂)ထပ် အုဌ် ပတ်ကာ တိုက်ဇရပ်တစ်ဆောင်ကို ဆောက်လုပ်လှုဒါန်းလေသည်။


(၁၂) ထိုတိုက်ဇရပ် တောင်ဘက်ကပ်လျက်တွင် ရေလောင်းကုဋီ(အိမ်သာ-၄-လုံး)နှင့် ရေချိုးခန်းတွဲလျက် ဒကာဒကာမ များရေချိုးတိုက်-ဟု ကမ္ဗည်းထိုးကာ ဆောက်လုပ်လှုဒါန်းကြလေသည်။ ထိုဇရပ်အနီးရှိ ရေချိုးခန်းကုဋီ(အိမ်သာ)(၄)လုံးမှာ ဧည့်သည်များ၊ ကျောင်းသားများ၊ ဥပုသ်သည်များ အသုံးပြုရန် ဖြစ်ပြီး၊ ဇရပ်မှာ ဥပုသ်သည်များ တိတ်ဆိတ်စွာ ပုတီးစိပ်၊ တ ရားနှလုံးသွင်းရန်နှင့် ဧည့်သည်အမျိုးသမီးများလာသည့်အခါအားလျော်စွာ တည်းခိုကြရန်ဖြစ်သည်။


(၁၃) ရှေးအခါက လူသွားလမ်းမျှသာဖြစ်ပြီး ကျောင်းအ၀င်ဝအနီးတွင် မိုးတွင်းအခါ၌ ရှောင်လွှဲသွားလာရန် မလွတ်သည့် ရွံ့ ဘွက်ကြီး ဖြစ်နေသော ကျောင်းလမ်းကိုလည်း တိုက်အမကြီး ဒေါ်သိန်းတင်နှင့်တပည့်များက အလွန်သာယာပြေပြစ်သော ကွန်ကရစ်လမ်းမကြီးအဖြစ် ပြုလုပ်၍လည်းကောင်း၊ ကျောင်းဝိုင်းအတွင်း အချို့နေရာတို့၌လည်း သာယာဖြန့်ဖြူးကြည်နူး ဖွယ်ရာ အုဌ်များစီခင်း၍လည်းကောင်း လှုဒါန်းထားလေသည်။


(၁၄) ထို့ပြင်တစ်ပါး ရှေးအခါက မရှိခဲ့ဘူးသောကျောင်းတိုက်၏ ဘေးရန်ကာဆီး မဟာတံတိုင်းကြီးများကိုလည်း ဘုရားရှင် ခွင့်ပြုသော သုံးခုသော (အုဌ်၊ ကျောက်၊ သစ်သား)တံတိုင်းများတို့တွင် အုဌ်တံတိုင်းကြီးများကိုလည်း တိုက် အမကြီးဒေါ် သိန်းတင်-တပည့်များနှင့် စေတနာရှင်များက ထည်ဝါခန်းငြား သားသားနားနား ကာရံထားပြီး ဖြစ်နေပေပြီ။


(၁၅) အ၀ီစိတွင်းမှ ရေမှုတ်စက်နှင့်တင်၍ သံဃာတော်များအတွက် ၁၃၂၂-ခုနှစ်တွင် ရေချိုးကန်ကြီးတစ်ခု၊ ကျောင်း ဆောင်များအားလုံး ရေပေဝေနိုင်ရန် ကွန်ကရစ်ရေကန်တစ်ခု၊ မြစ်ရေသုံးလိုသော သံဃာများအတွက် သီးသန့် ရေကန်ကြီး တစ်ခုတို့ကို လှုဒါန်းခဲ့သည်။(ဒုတိယ တိုက်အမလက်ထက်တွင် ကျောင်းဆောင်များ ရေပေဝေရန် ကွန်ကရစ်ရေကန်ကြီး အား ၁၉၉၂-ခု၊ ဇွန်လတွင် ပြန်လည်အသစ်တည်ဆောက်ခဲ့သည်။) ဖော်ပြပါ ဤအဆောက်အဦးများသည် တိုက်အမကြီး ဒေါ်သိန်းတင်ခေတ်တွင် ပြီးစီးသော တိုက်တာအဆောက်အဦးများဟု ဆိုနိုင်ပေသည်။


(၁၆) ဒုတိယတိုက်အမလက်ထက်-၁၃၄၇-ခုနှစ်တွင် ‘မဟာထေရ်ရဗိမာန’ ကို တည်ဆောက်ပြီးစီးလေသည်။ ၁၃၄၈-ခုနှစ်၊ ၀ါဆိုလတွင် ကျေးဇူးရှင်ဆရာတော်ဘုရားကြီးသည် သီရိထေရဗိမာန-မှ မဟာထေရဗိမာန-သို့ ပျံလွန်တော်မူသည့်တိုင် ပြောင်းလဲနေထိုင်သီတင်းသုံးခဲ့လေသည်။


(၁၇) ၀ိသုဒ္ဓါရုံဗာရာဏသီတိုက်သို့ ၀င်ရာအစတွင် အနောက်ဘက်၌ မုခ်ဦးဝကြီးကို ထီးထီးမားမား ရှေးဦးစွာ တွေ့မြင်နိုင် ကြပေသည်။ အလယ်မှ တံခါးမကြီးသည် သေသပ်လှပသော သံတံခါး သံပန်းများဖြင့် တန်ဆာဆင်ထားကာ လက်ဝဲလ က်ျာတွင် လူဝင်သာရုံမျှ တံခါးပေါက်သေး ၂-ခုမှာလည်း သံပန်းတံခါးတို့ဖြင့် ပြုလုပ်မွမ်းမံထားလျက် ရှိပေသည်။ မုခ်ဝကြီး အလှုရှင်မှာ- မန္တလေးတိုင်း၊ မြင်းခြံမြို့၊ ကုန်သည်စက်ပိုင်၊ ဘုရားအမ ရဟန်းမယ်တော်ကြီး ဒေါ်ဒေါ်သိန်းမိသားတစ်စု တို့ ဖြစ်သည်။ ကာလတန်ဖိုးအားဖြင့် (၂၇၀၀၀) နှစ်သောင်းခုနှစ်ထောင်ကျော်တန် ဖြစ်ပေသည်။

ထို့ကြောင့် မုခ်ဦးထိပ်ကျောက် ပြားတွင် မြန်မာ+ပါဠိ ဘာသာနှစ်မျိုးဖြင့် ကမ္ဗည်းထိုးထားသည်မှာ--
(မြန်မာ) မြင်းခြံမြို့ ၊ သပြေပင်ရပ်၊ အမိ-ဒေါ်ဖွားကို အမှုးထား၍ သား-ကိုတင်မောင်၊ သမီး-မသိန်းနှင့်း သားသမီးများကု သိုလ်။ သာသနာ-၂၅၀၄-ခု၊ ကောဇာ -၁၃၂၂-ခု၊ ကဆုန်လပြည့်။
(ပါဠိ) မြင်းခြံနဂရေ၊ ဇမ္ဗုပဒေသေ၊ ဒေါ်ဖွားနာမမာတုပ္ပမုခါတိ၊ ကိုတင်မောင်-မသိန်းနာမ ပုတ္တမာတူဟိ ဒိန္နောယံ ဒါရကော ဌတော။ ဗုဒ္ဓ၀ေဿာ -၂၅၀၄၊ သကေ -၁၃၂၂၊ ဝေသာခ -ပုဏ္ဏမိယံ။- ဟု ဖြစ်ပေသည်။


(၁၈) ထို့အပြင် သက်တော်ကြီးလာပြီဖြစ်သည့် ဆရာတော်ဘုရားကြီးအား သက်သောင့်သက်သာ ခရီးသွားလာနိုင်ရန် တိုက်အမကြီး၏ရည်မှန်းချက်ဖြစ်သော (၃၇၀၀၀၀) သုံးသိန်းခုနှစ်သောင်းတန် တိုယိုတာစပရင်တာ(Toyota sprinter)ကို ဒုတိယတိုက်အမက ၁၃၄၈-ခုနှစ်တွင် ၀ယ်၍ လှုဒါန်းလေသည်။(သို့သော် ထိုကား မရှိသည့်နောက်တွင် အဘိဓဇ ရရှိစဉ် နိုင်ငံတော်အစိုးရမှ လှုဒါန်းသော တိုယိုတာ အက်စ်အီးကားကို အသုံးပြုခဲ့သည်။ ယခုအခါ လိုက်ထရိုက်(--------)ကားပါ ရှိ နေပြီးဖြစ်၍ စာချဆရာတော်များသာမက သံဃာတော်များပါ ချမ်းချမ်းသာသာ သွားလာနိုင်ပြီး ဖြစ်သည်။
နံနက်ဆွမ်းခံရာ၌ ဆွမ်းလောင်းသင်း အလွန်ဝေးသောနေ့များတွင် ကားကြီးဖြင့် သံဃာများအား ပို့စေလျက် ဆွမ်းခံကြွ စေခြင်း၊ အာဂန္တုကဆရာတော်များအား ကားများဖြင့် အကြိုအပို့ ပြုလုပ်စေခြင်း၊ နှစ်စဉ် ရွှေတောင်မြို့သို့ ဆွမ်းဆန်စိမ်းခံ ကြွရောက်ပါကလည်း ကားကြီးများဖြင့် လိုက်ပါပို့ဆောင်စေခြင်းစသည်ဖြင့် ယာနဒါနကိုလည်း တိုက်တည်သည်မှ ဒုတိယ တိုက်အမလက်ထက်တိုင်အောင် လှုဒါန်းပံပို့ခဲ့ပါသည်။


(၁၉) ဒုတိယတိုက်အမ ဒေါ်ဒေါ်မာ ကွယ်လွန်ပြီးနောက်တွင် ၁၃၆၅-ခုနှစ်တွင် အာဂန္တုကကျောင်းဆောင် အဖြစ် (ဦးဝင်း အောင်)+ ဒေါ်ချို၊ သမီး နန္ဒာစိုး နှင့် နှင်းစန္ဒာစိုးတို့က -မနောရမ္မ- တစ်ထပ်တိုက်ကလေးကို လှုဒါန်းထားလေသည်။


ဤကား တိုက်တာအဆောက်အဦးများကို ဖော်ထုတ်ပြခြင်း ဖြစ်၏။သို့သော် အုဌ်တိုက်ကျောင်းတိုက်ကြီးများကိုသာ ပြုပြင် မွမ်းမံဆောက်လုပ်လှုဒါန်းသည်မဟုတ်သေး။ ဆွမ်း၊သင်္ကန်း၊ကျောင်း၊ ဆေး ပစ္စည်းလေးပါးတို့တွင် အခြားသုံးမျိုးဖြစ်သော ဆွမ်း၊ သင်္ကန်း၊ ဆေးတို့ကိုလည်း လှုဒါန်းထားသည်ကို အောက်ပါအတိုင်း တွေ့မြင်နိုင်ပါသည်။


(၁)၀ိ-ဗာ တိုက်တည်စ ၁၃၂၁-ခုနှစ်တွင် ကျောင်း၌ ပရိဘောဂအသုံးအဆောင်လိုအပ်ချက်များကို ချက်ချင်းပြည့်စုံ စေရေး အတွက် သခင်မ-ဒေါ်သိန်းတင်သည် မိမိ၏တိုက်မှာ ရှိသမျှ=ကြောင်အိမ်၊ ဘီရို၊ စားပွဲ၊ ကုလားထိုင်၊ ခရင်း ဇွန်း၊ သင်ဖြူး၊ ခေါင်းအုံး၊ ကော်ဇော၊ စောင်၊ ခြင်ထောင် စသည်များနှင့် ဒယ်အိုး၊ ဒန်အို၊ငြုတ်ဆုံ၊ ပန်ကန်၊ ယောက်မ၊ သားလှီးဒါးမှ အစ ကျောင်းကို ပို့လှုစေခဲ့ပါသည်။


(၂) သံဃာများ ဆွမ်းအာဟာရ ပြည့်စုံရေးအတွက် အသား (၂)ပိဿာ၊ ဟင်းသီးဟင်းရွက်-တင်းတောင်းကြီးတစ်လုံး၊ နေ့ စဉ် နံနက်တိုင်း(ကျောင်းတည်သည်မှ ဒုတိယ တိုက်အမလက်ထက်တိုင်) တိုက်အမကြီးတပည့်မ အ၀ယ်တော်ဒေါ်ခင်သိန်း က ၀ယ်ခြမ်း၍ ပို့လူလေသည်။(ယခုအခါ ပြည်မြို့၊ ဦး-------------+ဒေါ်-----------၊သမီး--------------------------------တို့မှ တစ်နေ့လျင် ကျပ်ငွေ (၁၅၀၀)ကို လှုဒါန်းလျက် သာသနာကို ချီးမြောက်လျက် ရှိပေသည်။)


(၃) သင်္ကန်းဆိုရာမှာလည်း ၀ိသုဒ္ဓါရုံဗာရာဏသီတိုက် တည်ထောင်သော ၁၃၂၁-ခုနှစ်မှစ၍ ဒုတိယ တိုက်အမလက်ထက် တိုင်အောင် ၀ါဆိုသံဃာစာရင်းအလိုက် ဆရာတော်ကြီးမှ ကိုရင်ကလေးအထိ ပါဝင်စေလျက် ၀ါဝင်တစ်စုံစီ၊ ၀ါကျွတ်တစ်စုံ စီ လှုဒါန်းပြီး ၀ါကျွတ်တွင် ဘိနပ်တစ်ရံစီကိုပါ ထည့်စွက်၍ လှုဒါန်းလေသည်။ ထို့အပြင် သာသနာ့အညွန့်အတက်ကလေး များဖြစ်သည့် လောကုတ္တရာပညာသင် ကျောင်းသားကလေးများအားလည်း (၁၀-ယောက်နှင့် ၄၀-ယောက်အတွင်း ပုံမှန် ရှိတတ်သည်။) အက်ျီး၊ ပုဆိုး တစ်စုံစီနှင့် မုန့်ဘိုးစသည်တို့ကို ၀ါကျွတ်သည့်အခါ နှစ်စဉ် တိုက်အမကြီးလက်ထက်မှ ဒုတိယတိုက်အမ လက်ထက်တိုင်အောင် ပေးလှုဒါန်းလေသည်။


(၄) ၀ိ-ဗာ ကျောင်းတွင်းရှိ ရှင့်ဒါယကာမရှိသေးသော ကျောင်းသားကလေးများအား ကိုယ်တိုင်ရှင့်အမပြုလုပ်၍လည်း ကောင်း၊ ရဟန်းဒါယကာ မရှိသေးသော ရှင်သာမဏေများအား ကိုယ်တိုင် ရဟန်းအမပြုလုပ်၍လည်းကောင်း ရှင့်ဒကာ၊ ရ ဟန်းဒါယကာ ပြုလုပ်၍ လှုဒါန်းပံ့ပို့ခဲ့သည်။ ကျောင်းတွင်းရှိ ယခင်တိုက်အုပ်-ဦးဝိသာရဒပဏ္ဍိတ(အဂ္ဂမဟာပဏ္ဍိတ)၊ ယခင် ဥပတိုက်အုပ်-ဦးဝိစိတ္တစာရ(အဂ္ဂမဟာပဏ္ဍိတ) ၊ ယခင် တိုက်ကြပ် ဦးဇာနေယျ (ယခင် ဂိုဏ်းစု၊ယခု အလယ်ရွာ ဆရာ တော်)၊ ယခင် ဥပတိုက်ကြပ် ဦးနာဂ၀ံသ(အဂ္ဂမဟာပဏ္ဍိတ)ဆရာတော်များအား ပုနောပသမ္ပဒါ သိမ်ထပ်မင်္ဂလာကိုလည်း ပြုလုပ်ခဲ့ပါသည်။ သို့ဖြစ်၍ ကျောင်းတွင်းရှိ ကျောင်းသားလေးများနှင့် ရှင်သာမဏေများအတွက် ရှင့်အမ၊ ရဟန်းအမ ပူပင် ရန် မလိုအပ်ပေ။ 

သို့သော် အခြားလက်တွဲဖော်များ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ဆေးလိပ်ရုံရှိ မန်နေဂျာမှစ၍ တပည့်တပန်း များတိုင်အောင် ကုသိုလ်ဖြစ်စေရန် တိုက်တွန်းလျက် ရှင်သာမဏေပြုခြင်းအမှု ရဟန်းခံခြင်းအမှု စသည်တို့၌ ကုသိုလ်ပါဝင် စေခဲ့သည်။ ယင်းတို့မှာ- 
ဒုတိယတိုက်အမ ဒေါ်ဒေါ် မာက ဦးပ၀ိတြသိရီ(၀ိ-ဗာ စာချ၊ မဟာဂန္ထ၀ါစကပဏ္ဍိတ)၊
မြင်းခြံ ဒေါ် ဒေါ်သိန်းက အရှင်ထေရပ္ပိယ(၀ိ-ဗာ စာချ၊ ဂန္ထ၀ါစကပဏ္ဍိတ)၊
တောင်ကြီး ဆရာခွေးက အရှင်ဥစ္စာနန္ဒ(ပဓာနနာယက၊ လယ်ဝေးမြို့)၊ 
စာရေးကြီးဦးရွှေက အရှင်အမတောဘာသ(တိုက်အုပ်၊ ရှစ်မိုင်-မစိုးရိမ်ရွှေကျင်တိုက်သစ်၊ရန်ကုန်)၊ 
ကမ္မ-ဒေါ် သိန်းက အရှင်ဂုရုပ္ပိယ(ပဓာနနာယက၊ မြင်းဖြူအင်းကျောင်းတိုက်၊ တောင်ငူမြို့၊)၊
ဒေါ်စိန်ပုက အရှင်ဝိလာသညဏ(နောင်-လူထွက်)၊
ဒေါ်တင်မြက အရှင်ညဏလောက(ပဓာနနာယက၊ တေဇရံသီကျောင်းတိုက်၊ ကျိုက္ကစံ၊ သင်္ကန်းကျွန်းမြို့နယ်၊ ရန် ကုန်မြို့)နှင့် အရှင်ဝဇိရပါဏိ(ပဓာနနာယက၊ မဟာစည်ရိပ်သာ၊ ကျိုက်မရောမြို့၊)၊
ဒေါ်---------------က အရှင်သုဇနပ္ပိယ (ပဓာနနာယက၊ မေတ္တာဝိဟာရကျောင်းတိုက်၊ ပီနန်မြို့၊ မလေးရှားနိုင်ငံ)၊
ဒေါ်----------------က အရှင်ကိတ္တိဗလ (ပဓာန နာယက၊ ညောင်နီကျောင်းတိုက်၊ သုံးခွမြို့နယ်)၊
ဒေါ်အေးညိုက အရှင်သီတလာစာရ (၀ိ-ဗာ စာချ၊သာသနဓဇဓမ္မာစရိယ) အသီးသီးတို့အား ရဟန်းဒကာ ရဟန်းအမ ခံယူစေခဲ့ပါသည်။


(၅) ဆေးပစ္စည်းဘက်ကလည်း ဆရာတော်ဘုရားကြီး သီတင်းသုံးရာကျောင်းဆောင်ပေါ်တွင် မတ်တပ်ရပ်ဘီရိုကြီးဖြင့် တိုင်းရင်းမြန်မာဆေးများ၊နိုင်ငံခြားဆေးများဖြင့် လှုဒါန်းကာ သာမန်ရောဂါဖြစ်ပေါ်လာပါက ဆရာတော်ဘုရားကြီး၏ လက် ထောက်လက်လွဲ ဦးပဉ္ဖင်းကိုရင်များက ဆေးတိုက်ကျွေး ကုသပေးလေသည်။ ကြီးကျယ်သောဝေဒနာရှင်များကိုမူ တိုက် အမကြီး၏ကားဖြင့် အပြင်ဆေးခန်းသို့ ကျန်းမာသည်အထိ ကုသပေးခြင်း၊ ဆေးရုံတက်ကုသပေးရသည့် ဝေဒနာရှင်များ ကိုကား ဆေးဝါးဓာတ်စာ၊ ကော်ဖီ၊ နွားနို့၊ ယာဂု စသည်တို့ဖြင့် ပြုစုခြင်း၊ ရန်ကုန်သို့ တက်ရောက်ကုသရပါကလည်း အဝေး မှ လိုလေသေးမရှိ ထောက်ပံ့လျက် လှုဒါန်းခဲ့လေသည်။


(၆) အထူးသဖြင့် သက်တော်ရှည်ဆရာတော်ဘုရားကြီးအတွက် သပ္ပါယမျှလောက်သော အရုဏ်နှင့်နေ့ဆွမ်းခဲဘွယ်ဘော ဇဉ် ချိုချဉ်ရသာတို့အပြင် ညနေပိုင်း ဖျော်ရည်ယမကာများကို ပုံမှန်လူဒါန်းခဲ့လေသည်။(ဆရာတော်ဘုရားကြီးမှလည်း တိုက်အမကြီးလက်ထက်မှ ဒုတိယ-တိုက်အမ လက်ထက်တိုင်အောင် နေ့စဉ် ညနေပိုင်း အဖျော်ယမကာ ဘုန်းပေးပြီးတိုင်း တိုက်အမများအတွက် ကျန်းမာချမ်းသာ သာသနာပြုနိုင်စေရန်ရည်ရွယ်၍ ပရိတ်ရေများကို ရွတ်ဖတ်သရဇ္ဈာယ်ပေးမြဲ ဖြစ် သည်။)


(၇) ကျောင်းတိုက်တွင်လည်း လျှပ်စစ်မီးများဖြင့် ထိန်ထိန်လင်းစေလျက် လစဉ်မီးကြေးနှင့်တယ်လီဖုန်း ကုန်ကျစရိတ်တို့ကို လည်း တိုက်အမကြီးလက်ထက်မှ ဒုတိယ-တိုက်အမ လက်ထက်တိုင်အောင် လှုဒါန်းလေသည်။


(၈) ၁၃၃၂-ခုနှစ်မှ ၀ိ-ဗာ -ကျောင်းတိုက်၌ စတင်၍ ကျင်းပပြုလုပ်ခဲ့သော ပြည်-သရက်-သာယာဝတီ သုံးခရိုင် ၀ိနည်းစာ တော်ပြန်ပွဲကြီးကို ဆပ်ကော်မတီအဖွဲ့အစည်း အသီးသီးဖွဲ့စည်းလျက် အရေးပါသောအခန်းကဏ္ဍမှ ဦးစီးဦးဆောင်ပြုကာ ပါဝင်ခဲ့သည်။


(၉) ၁၃၂၁-ခုနှစ်မှ စတင်၍ ၀ိ-ဗာ -တိုက် ၀ါတွင်း ဥပုသ်အသင်းကို ဖွဲ့စည်းလာခဲ့ရာ ဤ၀ါတွင်းဥပုသ်အသင်းသည်လည်း တိုက်တည်သက်နှင့်အတူ ရွှေရတုသို့ တိုင်ခဲ့ပြီ ဖြစ်သည်။ ၀ိ-ဗာ-တိုက်ရှိ သံဃာတော်များနှင့် ကျောင်းသားများသည် နှစ် စဉ်နှစ်တိုင်း ၀ါဆိုလပြည့်နေ့မှ သီးတင်းကျွတ်လပြည့်နေ့တိုင်အောင် ၀ါတွင်းသုံလပတ်လုံး ဥပုသ်နေ့တိုင်းတွင် ဧကသနိက် ဓုတင်ကို စောင့်ထိန်းကြရသည်။ ထိုဧကသနိက်ဓုတင်ကို ဆောက်တည်သောနေ့များ၌ တစ်ထပ်တည်းသော နေ့ဆွမ်းကို သာ ဘုန်းပေးကြရသဖြင့် ထိုနေ့များတွင် ဆွမ်း-ဆွမ်းဟင်း-အချိုပွဲစသည် ဆက်ကပ်ကြရာ၌ အထူး စီမံပြုလုပ်ထားသည်။ အလှုရှင်သီးသန့်ရှိပါက အလှုရှင်များအား လှုဒါန်းစေပြီး အကယ်၍ မရှိလျင် အသင်း၏ကောက်ခံ ရရှိငွေမှလည်းကောင်း၊ အသင်းကြီးအား ယနေ့တိုင် စောင့်ရှောက်ထိန်းသိမ်းလာခဲ့သော နာယကကြီးနှင့်သား-သမီးများကလည်းကောင်း လှုဒါန်းခဲ့ သည်။ 

ဤ၌ နာယကကြီး ဦးထွန်းညိုနှင့် ဇနီး ဒေါ်တင်ကြည်၊ သားသမီးများဖြစ်ကြသော မသန်းမြင့်၊ မ၀င်းမြင့်၊ ကိုမြင့်ဆွေ၊ မတင်လှ၊ မတင်အေး၊ မခင်အေး၊ မလဲ့လဲ့ဝင်း-မိသားစုတို့၏ ဘ၀တစ်စိတ်တဒေသကို ဖော်ပြလိုသည်။ ဤမိသားစုသည် တိုက်အမကြီးနှင့် လက်ပွန်းတတီးရှိခဲ့ပြီး - ငါမရှိလျင် ငါ့ကျောင်းကို နင်တို့ စောင့်ရှောက်ကြရမည်-ဟု မှာကြားထားခံရသူ များလည်း ဖြစ်သည်။ ဆရာတော်ဘုရားကြီး၏ အာရုံဆွမ်း+နေ့ဆွမ်းတို့ကိုလည်းကောင်း၊ ပျံလွန်တော်မူသော ပဓာနနာယ ကဆရာတော် ဦးဝိစိတ္တစာရ၏ အာရုံဆွမ်းကိုလည်းကောင်း၊ စာချဆရာတော်များအတွက် နေ့ဆွမ်းဟင်းတို့ကိုလည်း ကောင်း၊ ရံခါ အာဂန္တုကမထေရ်ကြီးများ ကြွရောက်လာခိုက် ဆွမ်းဟင်းစသည်တို့ကိုလည်းကောင်း၊ ဧကသနိက်ဓုတင်နေ့ များ၌ အလှုရှင်မရှိသောနေ့ရက်များတွင် သားသမီးများအား နေ့ဆွမ်းအလှုရှင်အဖြစ် အလှည့်ကျတာဝန်ကို ယူစေ၍လည်း ကောင်း၊ ယနေ့တိုင် ကဆုန်လပြည့်နေ့တိုင်းတွင် ကျောင်းရှိသံဃာတော်များအား ဆွမ်းဆက်ကပ်ခြင်းဖြင့်လည်းကောင်း လှုဒါန်းမှုအစုစုကို ပြုစုနေသောသူများ ဖြစ်ပေသည်။ သို့ဖြစ်၍ ကျောင်းတိုက်တည်သည်မှစတင်၍ ယနေ့ ရွှေရတု နှစ်တိုင် ကျောင်းတိုက်ရှိ သံဃာတော်များအား စောင့်ရှောက်လှုဒါန်းခဲ့သော ဤအသင်းကြီး၏ကျေးဇူးနှင့် ဤမိသားစု၏ကျေးဇူးကို လည်း မှတ်တမ်းပြု ဂုဏ်ပြုအပ်ပေသည်။


သို့ဖြစ်၍ နောက်ခံအကြမ်းထည်ရုပ်ပုံလွှာနှင့် ယခုမျက်မှောက်မြင်ကွင်းများ-ဟု ဆောင်းပါးကို နှစ်ပိုင်းခွဲခြား၍ တင်ပြထား သော်လည်း မစုစည်းမိသောအခြားကျန်ရှိနေသေးသည့် အချက်အလက်များ မုချရှိနေဦးမည် ဖြစ်ပေသည်။ သို့သော် ထိုအ ချက်အလက်များကို မထည့်သွင်းခြင်းသည် စုစည်းမှုအားနည်း၍သော်လည်းကောင်း၊ စာမျက်နှာကို ငဲ့ကွက်သောအားဖြင့် လည်းကောင်း ဤကဏ္ဍကို နိဂုံးသတ်လိုက်ခြင်း ဖြစ်ပေသည်။

ဘဒ္ဒန္တနာဂ၀ံသ(အဂ္ဂမဟာပဏ္ဍိတ)
ပဓာနနာယက၊ ၀ိသုဒ္ဓါရုံဗာရာဏသီတိုက်၊ ပြည်မြို့။



ကိုးကားချက်။ ။ ပြည်မြို့၊ ၀ိသုဒ္ဓါရုံဗာရာဏသီတိုက်၊ ရွှေရတုမဂ္ဂဇင်းစာအုပ်မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment