Friday 16 December 2011

ဝိသုဒ္ဓါရုံဗာရာဏသီတိုက် တစ်နေ့တာ လုပ်ငန်းဆောင်ရွက်ချက်များ

၁။ နံနက် ၃-နာရီခွဲတွင် သစ်စည်ထိုး၍ သံဃာတော်များ အိပ်ယာမှ ထကြရသည်။

၂။ နံနက် ၄-နာရီတွင် ဘုရားဝတ်တက်ကြရသည်။

၃။ နံနက် ၄-နာရီ ၂၀-မိနစ်တွင် နံနက်ဝတ်ရွတ်စဉ်များ ရွတ်ပွားသရဇ္ဈာယ်ကြရသည်။



၎။ နံနက် ၄-နာရီ ၃၀-မိနစ်တွင် ၁၀-မိနစ်မျှ အာနာပါနစသည် တရားဘာဝနာ ပွါးများကြရသည်။

၅။ နံနက် ၄-နာရီ ၄၀-မိနစ်တွင် မေတ္တာပို့သကြရသည်။

၆။ နံနက် ၅-နာရီတွင် နံနက်ဆွမ်းခံ (အတန်းဖြင့်) ကြွကြရသည်။

၇။ နံနက် ၆-နာရီတွင် အာရုဏ်ဆွမ်း ဘုန်းပေးကြရသည်။

၈။ နံနက် ၆-နာရီ ၂၅-မိနစ်တွင် မိမိတို့ကျောင်းဆောင်အလိုက် သန့်ရှင်းရေးကို ပြုကြရသည်။

၉။ နံနက် ၆-နာရီ ၄၅-မိနစ်မှ ၇-နာရီ ၃၀-မိနစ်ထိ စာချ၊ စာအံ၊ စာပြန် ပြုကြရသည်။

၁၀။ နံနက် ၈-နာရီတွင် နေ့ဆွမ်း (အတန်းဖြင့်) ကြွကြရသည်။

၁၁။ နံနက် ၉-နာရီမှ ၁၀-နာရီထိ စာချ၊ စာအံ၊ စာပြန် ပြုကြရသည်။

၁၂။ နံနက် ၁၀-နာရီမှ ၁၁-နာရီအတွင်း ရေချိုးချိန်ဖြစ်သည်။

၁၃။ နံနက် ၁၁-နာရီတွင် နေ့ဆွမ်း ဘုန်းပေးကြရသည်။

၁၄။ နေ့လည် ၁၂-နာရီတွင် တိတ်ဆိတ်ငြိမ်သက်စွာ အနားယူချိန်ဖြစ်သည်။

၁၅။ နေ့လည်၁-နာရီမှ ၂-နာရီ ၃၀-မိနစ်ထိ စာချ၊ စာအံ၊ စာပြန် ပြုကြရသည်။

၁၆။ နေ့လည် ၃-နာရီမှ ၄-နာရီထိ စာချ၊ စာအံ၊ စာပြန်ပြုကြရသည်။

၁၇။ ညနေ ၄-နာရီမှ ၅-နာရီထိ ရေချိုးချိန်အဖြစ် သတ်မှတ်သည်။

၁၈။ ညနေ ၅-နာရီတွင် ဆိုင်ရာဆရာတော်များထံ စာညှိကြရသည်။

၁၉။ ည ၆-နာရီ ၃၀-မိနစ်တွင် ဘုရားဝတ်တက်ကြရသည်။
(မှတ်ချက်။ ။ ဘုရားဝတ်တက်ရာတွင် ပရိတ်ရွတ်ခြင်း၊ ပါတိမောက်ရွတ်ဆိုခြင်း၊ ဓမ္မစကြာရွတ်ဆိုခြင်း၊ညဥ့်ဝတ်ရွတ်စဉ်များ ရွတ်ဆိုခြင်းတို့ကို နေ့ရက်အလိုက် ခွဲခြားပြီး ရွတ်ဆိုသရဇ္ဈာယ်ကြရသည်။)

၂၀။ ည ၇-နာရီမှ ၉-နာရီထိ စာပြန်ကြရသည်။

၂၁။ ည ၉-နာရီမှ ၁၀-နာရီထိ ည၀ါ-စသည် ဆိုကြရသည်။

၂၂။ ည ၁၀-နာရီမှ နံနက် ၃-နာရီ ၃၀-မိနစ်ထိ အိပ်စက်အနားယူချိန်ဖြစ်သည်။

၂၃။ နံနက် ဘုရားဝတ်တက်ပြီးတိုင်း နိသဇ္ဖိဓုတင် ဆောက်တည်ကြရသည်။

၂၄။ အဖိတ်နေ့တိုင်း သြ၀ါဒခံယူခြင်း၊အထူး သန့်ရှင်းရေးပြုလုပ်ခြင်းများကို ပြုလုပ်ကြရသည်။

ှ၂၅။ ဥပုသ်နေ့တိုင်း စာချဘုန်းကြီးများထံ စာပြန်ဆိုခြင်း၊ စာမေးပွဲဖြေဆိုခြင်းများပြုလုပ်ကြရသည်။

၂၆။ ဥပုသ်နေ့ ၆-နာရီ ၃၀-မိနစ်တွင် ရွှေကျင်ဂိုဏ်းကျင့်ထုံး ဥပဒေသကို နာကြားခြင်း၊ အလှည့်ကျ သီလပေးခြင်း၊ တရားဟောခြင်းများကို ပြုလုပ်ကြရသည်။

၂၇။ ၀ါတွင်း ဥပုသ်နေ့တိုင်း ဧကာသနိက်ဓုတင် ဆောက်တည်ကြရသည်။

၂၈။ ၀ိ-ဗာ-တိုက်၌ ရဟန်းဖြစ်သောအရှင်များကို ပထမ(၃)လပတ်လုံး တိစီဝရိတ်ဓုတင် ဆောက်တည်ကြရသည်။



ဝိသုဒ္ဓါရုံဗာရာဏသီတိုက်၏ တိုက်တာနယူပဒေသ
ဝိသုဒ္ဓါရုံဗာရာဏသီတိုက်သို့ စာသင်သား ရဟန်းသာမဏေများ နေထိုင်လိုပါကြောင်း လျှောက်ထားသော အခါ အောက်ပါ အချက်အလက်များ ပြည့်စုံရန် လိုအပ်ပေသည်။

၁။ ဆရာသမားဖြစ်စေ မိဘဖြစ်စေ ကိုယ်တိုင်အပ်နှံခြင်း၊ သို့မဟုတ်- ဆရာသမားဖြစ်စေ မိဘဖြစ်စေ ထောက် ခံအပ်နှံစာ ပါရှိမှသာလျင် နေထိုင်ခွင့်ရရှိမည် ဖြစ်သည်။

၂။ တိုက်တာစည်းမျဉ်းစည်းကမ်းနှင့် ရွှေကျင်ဂိုဏ်းကြီး၏ဥပဒေအတိုင်း ကျင့်သုံးနေထိုင်ပါမည်ဟု ၀န်ခံက တိပြုမှသာ နေထိုင်ခွင့်ရရှိမည် ဖြစ်သည်။

၃။ တိုက်အုပ်၊ တိုက်ကြပ်၊ စာချဘုန်းကြီးများ၏ သြ၀ါဒအနုသာသနများကို လိုက်နာကျင့်သုံးနေထိုင်ပါမည်ဟု ၀န်ခံကတိပြု မှသာ နေထိုင်ခွင့် ရရှိမည်ဖြစ်သည်။

၎။ တိုက်တာသံဃာများ၏ အကျိုးမဲ့ကို ပြုကျင့်ပြောဆိုခြင်းမှ ရှောင်ကြဉ်ကျင့်သုံးနေထိုင်ပါမည်ဟု ၀န်ခံက တိပြုမှသာ နေထိုင်ခွင့်ရရှိမည် ဖြစ်သည်။

၅။ တိုက်သားဖြစ်ရေးအတွက် အာမခံပေးမည့်ဆရာရှိမှသာလျင် နေထိုင်ခွင့်ရရှိမည် ဖြစ်သည်။

No comments:

Post a Comment